•7•

382 72 6
                                    


'ဒီပုစ္ဆာအပုဒ်၂၀ကို တစ်နာရီအတွင်းအပြီးတွက်'ဆိုတဲ့ ဟန်ယူဂျင်းရဲ့အမိန့်အောက်မှာ ဂယူဘင်းက ပြားပြားဝပ်။

ဒါပြီးရင် စောဆင်းပေးမယ်ဆိုတဲ့ ယူဂျင်းရဲ့ ဂတိကြောင့် ဂယူဘင်းပျော်သွားရတာအမှန်။

ဘယ်လောက်ပဲ ခရက်ရှ်ကလေးလေးနဲ့ စာတူတူသင်ရတယ်ဆိုပေမဲ့လို့ စာနဲ့ထိတွေ့ရင်အလဂျစ်ရှိတဲ့ ဂယူဘင်းအဖို့ကတော့ ဒီအချိန်ထိစာလုပ်နိုင်တာကိုပဲ အံ့ဩဖို့ကောင်းနေပြီ။

ဒါပေမဲ့ ဂယူဘင်းက ယူဂျင်းဆီက စိတ်ပျက်သွားတာမျိုးမလိုချင်လို့ သေချာအာရုံစိုက်နားထောင်လို့ပဲလား၊ ဒါမှမဟုတ် ဉာဏ်ကောင်းရဲ့သားနဲ့ စာမလုပ်ပဲနေလို့လားမပြောတတ်ပေမဲ့ ယူဂျင်းရှင်းပြတာတွေ ဂယူဘင်းသေချာနားလည်ပြီး စာတွေအရင်ကထက်လိုက်လာနိုင်သည်။

ဂယူဘင်းစာတွက်နေတဲ့အချိန်ဆိုရင် ယူဂျင်းကလဲ သူ့စာသူတွက်နေတာကြောင့် အခန်းထဲမှာ စာရွက်လှန်သံတွေဟာ ဆူညံနေတယ်။

*ဒေါက် ဒေါက် ဒေါက်*

ဂယူဘင်းက တံခါးထဖွင့်ပေးဖို့လုပ်တော့ ယူဂျင်းက လပ်ကလေးနဲ့ ဟန့်တားကာ

"ကျွန်တော်ထဖွင့်ပေးလိုက်မယ်"

ဂယူဘင်း စာအာရုံထဲရောက်ဖို့က ခဲယဉ်းတာကြောင့် အာရုံစိုက်မပျက်စေချင်တာ ယူဂျင်းရဲ့ဆန္ဒပါ။

တံခါးဖွင့်ပေးလိုက်တော့ ဂယူဘင်းရဲ့ မေမေဖြစ်နေတာကြောင့် ယူဂျင်းခင်ဗျာ ခန္တာကိုယ်က အလိုလို မတ်သွားရသည်။ လူကြီးတွေနဲ့ စကားပြောရမှာ အရမ်းနေရခက်တဲ့ ယူဂျင်းအဖို့က လူကြီးတွေနဲ့ ခပ်ဝေးဝေးကနေတာ ပိုအဆင်ပြေသည်။

ဂယူဘင်းမေမေလှမ်းပေးတဲ့ ပန်းကန်ထဲကိုကြည့်လိုက်တော့ ချောကလက်သကြားလုံးတွေကြောင့် ယူဂျင်းက အံ့ဩသွားဟန်ပြတာကြောင့် ဂယူဘင်းမေမေက ခပ်ဖွဖွရယ်ရင်း

"သားယူဂျင်းလေး..ကြိုက်မယ်ထင်လို့၊ စာလုပ်ရင်းစားဖို့ယူလာတာ အများကြီးတော့မစားနဲ့နော် ချောင်းဆ်ိုးလိမ့် မယ်"

"ဟုတ်ကဲ့ ကျေးဇူးပါဗျ"

ဂယူဘင်းမေမေရဲ့အပြုံးဟာ ဂယူဘင်းအပြုံးနဲ့ခပ်ဆင်ဆင်ဖြစ်ကြောင်း ယူဂျင်းဒီနေ့မှာတော့ သတိထားမိလိုက်ပါပြီ။

𝖲𝗍𝖺𝗋-𝖢𝗋𝗈𝗌𝗌𝖾𝖽 𝖫𝗈𝗏𝖾𝗋𝗌Where stories live. Discover now