part 5

141 13 0
                                    

"သူ့ကိုဘယ်မှာမှ မတွေ့ဘူး
ရဲစခန်းကိုသွားရင် ပိုကောင်းမယ်"

တီ တီ တီ (ဖုန်းလာသံ)

"ဟယ်လို"

"ဒါellaရဲ့အဖေလား"

"ဟုတ်ပါတယ်"

"ဒီနေရာကို မြန်မြန်လာခဲ့ပါ
_______________ကော်ဖီဆိုင်"

"Ellaသမီးရူးနေတာလား ဘယ်သူ့ကိုမှမပြောလဲထွက်သွားတယ်
ဒယ်ဒီဘယ်လောက်စိတ်ပူလဲသိလား ဒါကိုဂိမ်းလို့ထင်နေတာလား"

Ella ထိုအမျိုးသမီးအနားကိုကပ်သွားပြီး

"သမီးဒယ်ဒီလေ"

"နည်းနည်းလေးတောင်မစဉ်းစားဘူးလား"

"ဟိုင်းဒယ်ဒီ ကျမက Jennie Ruby Jane Kim ပါ"
ဂျန်းနီလက်ကမ်းပေးပြီး

မရီးကဇွတ် ဒယ်ဒီခေါ်တာဘဲ

"လီဆာပါ"

"လီဆာ..
ဘာဖြစ်သွားလဲရှင်သိလား"

"Kuma kuma လာလို့
Kuma"

"အဲ့ထရပ်ကားမောင်းလာတဲ့အရှိန်နဲ့ ဒီနေ့တော့ကျမရောellaရောသေပြီထင်လိုက်တာ"

မိဂျန်းကဝင်ကာပေးလိုက်တာဟ

"ထရပ်ကားကမတိုက်မိဘဲ အရှိန်ရှော့သွားလို့
အားလုံးကလျှပ်တစ်ပြတ်လိုဘဲ"

"ကျေးဇူးပါ တကယ်ကျေးဇူးတင်ပါတယ်"

"ကျမကိုမဟုတ်ဘူး ရှင်ကားမောင်းတဲ့လူကိုကျေးဇူးတင်ရမှာ"

လီဆာထိုင်ခုံမှာဝင်ထိုင်လိုက်ပြီး

"ဒါကဘာလဲ ella ဘာလို့ဒီနေရာကိုလာခဲ့တာလဲ"

Ella လေးကjaneကိုကြည့်ပြီး
Jane က

"အာတာပူစီစားဖို့"

"အာတာ..."

"အာတာပူစီ"

"သမီးက အာတာပူစီ စားလို့မရဘူးဆိုတာ သိတယ်မလား"

Ella ကjaneကိုကြည့်ပြန်တယ်

"ရှင်လည်းကတိဖျက်လို့မရဘူးဆိုတာသိတယ်မလား"

လီဆာကတော့ကြောင်ကြည့်နေရုံသာ

"သူကသူ့အမေရဲ့ဇာတ်လမ်းကိုနားထောင်ချင်လို့တစ်လလောက်နေ့ရောညရောစာတွေလုပ်ခဲ့ရတာ felixကိုနှစ်မှတ်အသာနဲ့ကျော်တက်ပြီး အတန်းထဲမှာ ပထမရအောင်ယူထားတာ ရှင်ကဘာလုပ်တာလဲ ကတိကျတော့ဖျက်ပြီး အာတာပူစီကျတော့ပေးမစားဘူးပေါ့"

Ellaကသူ့ဒယ်ဒီကိုခေါင်းညိမ့်ပြတယ်

"မဒမ်"

"ဂျိန်း"

"မစ္စ ဂျိန်း"

"အင်း"

"မင်းကူညီပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ဒါပေမဲ့ငါ့သမီးနဲ့ နှစ်ယောက်ချင်းစကားပြောလို့ရမလား"

"ရတာပေါ့..ပြောပါ"

"သူ့ကိုအကုန်ပြောပြလိုက်တာလား"

မျက်နှာငယ်လေးနဲ့ လီလေးက

Ellaကခေါင်းညိမ့်ပြတယ်

#အခုကဘာလဲ သမီးကအမေ့အကြောင်းနားထောင်ချင်တာမလား
ညနေကျရင် အဖေအကုန်ပြောပြမယ် ကတိပေးတယ်"
 
Ellaကဂျိန်းကိုကြည့်ပြန်ရော

"အမေနဲ့တိုင်တည်ပြီးကတိပေးတာတောင်မတည်တာ ရိုးရိုးကတိကဘာတတ်နိုင်မှာမလို့လဲ"

ဟုတ်ပါ့ ပြောလိုက်မိဂျန်း

လာလီဆာခေါင်းကိုက်နေပြီ

"အိမ်ကိုရောက်သွားရင် ကြောင်တောင်တောင်ဆင်ခြေတွေမပေးဘူးလို့ဘယ်လိုအာမခံနိုင်မှာလဲ ကျမတို့ရှင့်ကို မယုံဘူး
ဟုတ်တယ်မလား သမီး"

ဟုတ်တာပေါ့

"မင်းကဘာလို့ကြားဝင်ချင်နေရတာလဲ ငါသူ့ကိုပြောချင်တဲ့အချိန်ပြောပြမှာပေါ့
မင်းကဘယ်သူလဲ"

"ဒီမှာလီဆာ ကျမကဒီနေ့သူ့ကိုကယ်ဖို့ဒီမှာရှိနေတာ ဒီကိုနေ့တိုင်းရောက်ဖြစ်တာမဟုတ်ဘူး ellaလေးကို သူဇာတ်လမ်းနားထောင်ရစေရမယ်လို့ကျမကတိပေးထားတယ်
ကျမရှင့်လိုမျိုးကတိမဖျက်နိုင်ဘူး ပြီးတော့ကျမဈေးဝယ်တာလည်းပြီးသွားပြီ
ညနေအထိကျမပားတယ် ကော်ဖီလည်းသောက်ရဦးမယ်ဆိုတော့ နားထောင်နေပါတယ်"

မဆင့်ရေအကိုနိုကိုစကားပြောခွင့်လဲပေးပါအုန်း

လီဆာကတော့ သမီးကိုကြည့်လိုက် ဂျိန်းကိုကြည့်လိုက်အလုပ်ရှုပ်နေလေပြီ
သမီးလေးနားကိုကပ်ပြီး

"သူကဘယ်သူလဲဆိုတာတောင်မသိဘဲနဲ့"

"သူကဂျိန်း သမီးရဲ့သူငယ်ချင်း"

ဂျိန်းကလီဆာကိုပြုံးပြနေပြီဖြစ်သည်

"ရွှေးစရာမရှိတော့ဘူးပေါ့"

Ellaနဲ့ဂျိန်းတစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ပြီး လီဆာ့ကိုခေါင်းခါပြတယ်

"ကာပူချီနို တစ်ခွက်ပေးပါ"





#############
part5 finished

လာလီဆာကဇာတ်လမ်းကိုအမှန်ပြောပြမှာလား










Hi DaddyWhere stories live. Discover now