Prologue

500 61 8
                                    

Unicode

ဧပြီလ ၂၀ ရက်နေ့၊ နေကြတ်သည့် ထိုနေ့မှာ Wattpad စာရေးသူ ဇွဲပြည့်နဲ့ ဒီပါတို့ ချစ်သူနှစ်ယောက် အခြားအချိန်ကာလတစ်ခုသို့ အတူတူ ကူးပြောင်းသွားခဲ့ကြသည်။ ကူးပြောင်းခြင်း သံသရာ ရပ်တန့်သွားဖို့အတွက် ကူးပြောင်းခြင်းတိုင်းမှာ တစ်ယောက်ကို တစ်ယောက် ရှာဖွေပြီး mission ကို အောင်မြင်အောင်လုပ်ဖို့ ကြိုးစားခဲ့ကြရပေမယ့် တစ်ယောက်ယောက်က အရင်သေဆုံးသွားရသည်ပဲ ဖြစ်ကာ သံသရာကို မရပ်တန့်နိုင်ကြသေးပေ။

------ ငါးကြိမ်မြောက် ကူးပြောင်းခြင်းအပြီး ------

ဇွဲပြည့်က တအံ့တဩ မေးလိုက်သည်။

"ဘေဘီက အဲဒီပင်လယ်စာဆိုင်မှာ ရောက်နေတာ? ကိုကိုအဲဒီဆိုင်မှာ ဂဏန်းမဆလာတောင် လာစားသေးတယ်လေ... ကိုကိုဘေဘီနဲ့ ဘာလို့ မတွေ့တာလဲ"

ဒီပါက နာကျည်းဟန်ဖြင့် ပြန်ဖြေလာ၏။

"ခင်ဗျား ဂဏန်းမဆလာမမှာခင်တုန်းက... ကျွန်တော်အဲဒီဆိုင်ရဲ့ ဖန်ရေကန်ထဲမှာ ဘေးတိုက်လေး ရေကူးသွားနေခဲ့တာပေါ့ဗျာ"

------ ဆယ်ကြိမ်မြောက် ကူးပြောင်းခြင်းအပြီး ------

ဒီပါက နားမလည်နိုင်သလို မေးလိုက်သည်။

"ကျွန်တော် ပိုက်ဆံ နှစ်သောင်းလှူခဲ့တဲ့ သူတောင်းစားက ကိုကို? ဒါဆိုရင် ကိုကိုဘာလို့ တစ်ပတ်အတွင်းမှာ ငတ်သေသွားရတာလဲ... အဲဒီပိုက်ဆံက ဘယ်ရောက်သွားလို့လဲ"

ဇွဲပြည့်က အနေကျပ်နေဟန်နှင့် ဖြေ၏။

"အဲဒီပိုက်ဆံနဲ့... ကိုကို မာဆတ်ကို..."

"ခင်ဗျားနဲ့ကျွန်တော် ကွာရှင်းပြီပဲ"

(A/N: ပေါ့ပေါ့ပါးပါး တစ်ခန်းရပ် ဇာတ်လမ်းတိုလေးတွေပါ၊ သားရဲတွင်း ဇာတ်သိမ်းနား ရောက်လာလေ စိတ်ဖိဆီးလာလေမို့ art block မသွားအောင် တွဲရေးတာပါ၊ မဆူကြပါနဲ့ဗျာ)









Zawgyi

ဧၿပီလ ၂၀ ရက္ေန႕၊ ေနၾကတ္သည့္ ထိုေန႕မွာ Wattpad စာေရးသူ ဇြဲျပည့္နဲ႕ ဒီပါတို႔ ခ်စ္သူႏွစ္ေယာက္ အျခားအခ်ိန္ကာလတစ္ခုသို႔ အတူတူ ကူးေျပာင္းသြားခဲ့ၾကသည္။ ကူးေျပာင္းျခင္း သံသရာ ရပ္တန႔္သြားဖို႔အတြက္ ကူးေျပာင္းျခင္းတိုင္းမွာ တစ္ေယာက္ကို တစ္ေယာက္ ရွာေဖြၿပီး mission ကို ေအာင္ျမင္ေအာင္လုပ္ဖို႔ ႀကိဳးစားခဲ့ၾကရေပမယ့္ တစ္ေယာက္ေယာက္က အရင္ေသဆုံးသြားရသည္ပဲ ျဖစ္ကာ သံသရာကို မရပ္တန႔္နိုင္ၾကေသးေပ။

------ ငါးႀကိမ္ေျမာက္ ကူးေျပာင္းျခင္းအၿပီး ------

ဇြဲျပည့္က တအံ့တဩ ေမးလိုက္သည္။

"ေဘဘီက အဲဒီပင္လယ္စာဆိုင္မွာ ေရာက္ေနတာ? ကိုကိုအဲဒီဆိုင္မွာ ဂဏန္းမဆလာေတာင္ လာစားေသးတယ္ေလ... ကိုကိုေဘဘီနဲ႕ ဘာလို႔ မေတြ႕တာလဲ"

ဒီပါက နာက်ည္းဟန္ျဖင့္ ျပန္ေျဖလာ၏။

"ခင္ဗ်ား ဂဏန္းမဆလာမမွာခင္တုန္းက... ကြၽန္ေတာ္အဲဒီဆိုင္ရဲ႕ ဖန္ေရကန္ထဲမွာ ေဘးတိုက္ေလး ေရကူးသြားေနခဲ့တာေပါ့ဗ်ာ"

------ ဆယ္ႀကိမ္ေျမာက္ ကူးေျပာင္းျခင္းအၿပီး ------

ဒီပါက နားမလည္နိုင္သလို ေမးလိုက္သည္။

"ကြၽန္ေတာ္ ပိုက္ဆံ ႏွစ္ေသာင္းလႉခဲ့တဲ့ သူေတာင္းစားက ကိုကို? ဒါဆိုရင္ ကိုကိုဘာလို႔ တစ္ပတ္အတြင္းမွာ ငတ္ေသသြားရတာလဲ... အဲဒီပိုက္ဆံက ဘယ္ေရာက္သြားလို႔လဲ"

ဇြဲျပည့္က အေနက်ပ္ေနဟန္ႏွင့္ ေျဖ၏။

"အဲဒီပိုက္ဆံနဲ႕... ကိုကို မာဆတ္ကို..."

"ခင္ဗ်ားနဲ႕ကြၽန္ေတာ္ ကြာရွင္းၿပီပဲ"

(A/N: ေပါ့ေပါ့ပါးပါး တစ္ခန္းရပ္ ဇာတ္လမ္းတိုေလးေတြပါ၊ သားရဲတြင္း ဇာတ္သိမ္းနား ေရာက္လာေလ စိတ္ဖိဆီးလာေလမို႔ art block မသြားေအာင္ တြဲေရးတာပါ၊ မဆူၾကပါနဲ႕ဗ်ာ)

သောက်တလွဲကူးပြောင်းခြင်းWhere stories live. Discover now