"ကလေး ကိုကိုဖမ်းပေးမယ် ပေးခဲ့~"
"လျှာလာမရှည်စမ်းနဲ့~"
သက်လုံအားမကောင်းတဲ့ဂျောင်ကုက
ရေပေါ်ပြန်တက်သွားတာမို့ထယ်ယောင်းလဲလိုက်တက်ကာ
ကူညီဖို့ပြောရပြီ~
"ကလေးက စက်လှေပေါ်မှာဘဲသွားနေလိုက်ပါ
ကိုကိုဖမ်းပေးမယ်နော်~"
*ဒီကောင်ကိုဖမ်းခိုင်းလို့ ငါ ငါးရပါ့မလား~*
"တက်လိုက်ပါနော်ကလေး တက်ပြီးအနားယူနေလိုက်ပါ~"
"ပြီးရောလေ ငါးရအောင်ဖမ်းခဲ့နော်~"
"ဖမ်းခဲ့မှာပါ~"
ထို့နောက်ဂျောင်ကုကလှေပေါ်တက်ကာ
ထယ်ယောင်းကိုငါးဖမ်းပစ္စည်းတွေပေးလိုက်တော့
ထယ်ယောင်းက သက်လုံအားကောင်းပြီးရေကူးနိုင်ဘေမဲ့
ငါးဖမ်းတော့မကျွမ်းကျင်~
*ထင်သလောမလွယ်ပါလား ဒါဘေမဲ့ကြိုးစားရမယ်~*
"ဟင် ဂျောင်ကု ငါးမဖမ်းဘူးလား~"
"အဒေါ်တို့ရဲ့ကိုလူချောကိုဖမ်းခိုင်းထားတယ်~"
"ဟုတ်လှတယ်~"
"မဟုတ်ဘူး အဲ့လူရေစငုတ်သွားကတည်းကပြန်ပေါ်မလာဘူး
ရေနစ်သေနေပြီလားမသိဘူး~"
"ဟဲ့ အဲ့လိုစကားကို ဘာလို့ ဘာမှမဖြစ်သလိုပြောနေရတာလဲ~"
"အဒေါ်ငါးရပြီဆိုတက်ခဲ့တော့လေ~"
"အေအေ~"
တစ်ယောက်ပြီးတစ်ယောက် ငါးရလို့တက်လာကြပြီးနောက်
ထယ်ယောင်းကနောက်ဆုံးမှတက်လာကာ
ငါးကသိပ်မရ~
"ကိုလူချောကဘယ်ဆိုးလို့လဲ ပထမဆုံးနေ့မှာ
တစ်ရက်စာငါးကိုဖမ်းလာနိုင်တယ်~"
"မြှောက်မနေနဲ့အဒေါ် သူ့ကြောင့်ကျွန်တော်
ငါနည်းနည်းဘဲရတာ~"
"ဟဟ..လိုသေးရင် အဒေါ်တို့ဆီမှာယူပါ~"
"တော်ပါပြီ တစ်ယောက်တည်းကို~"
ဂျောင်ကုကနှုတ်ခမ်းလေးစူပြီးနေနေတော့
ထယ်ယောင်းတစ်ယောက် သူအသုံးမကျလို့ဆိုပြီးတွေးကာ
ပြာယာခတ်နေရောဘဲ~
👉🌟👈💬💬
...........................................................
Thank you for reading🙏
YOU ARE READING
~~Mask~~{Complete}