ပုစွန်ဖမ်းတဲ့မြုံးတွေကို အဒေါ်ကြီးတွေလုပ်တာကိုကြည့်ပြီး
ထယ်ယောင်းကလိုက်လုပ်ကာ ရေစပ်တွေမှာ
လိုက်ချနေတော့ ငါးဖမ်းလာတဲ့ကောင်မလေးတစ်ချို့က
အားကိုးချင်တဲ့အကြည့်တွေနဲ့ကြည့်လို့~
"ကဲ လှေပေါ်တက်ကြ ငါးဖမ်းကြမယ်~"
"ကလေး လာ ကိုကို့လက်ကိုကိုင်လိုက်~"
"မလိုဘူး ဖယ်~"
"Oppa ညီမကိုကူပေးပါဦး~"
"အာ..ရတယ်လေ ပစ္စည်းတွေပေးခဲ့~"
ထယ်ယောင်းက ကောင်မလေးတွေကိုမကူတွဲပေးဘဲနဲ့
ပစ္စည်းတွေကိုသာသယ်ကူတာမို့
အဒေါ်ကြီးတွေက ထယ်ယောင်းကိုအမှတ်ပေးကြကာပြုံးလို့~
"ဘာလို့အတင်းတိုးနေတာလဲလို့
ဝေးဝေးနေစမ်းပါ~"
"နေလို့မရဘူးကလေးရဲ့ အနောက်မှာမိန်းကလေးတွေချည်းဘဲ~"
စက်မောင်းသူအပါလူဆယ်ယောက်ဆံ့ စက်လှေက
ထယ်ယောင်းပါပြီးဆယ့်တစ်ယောက်ဖြစ်သွားတော့
ဂျောင်ကုနဲ့အရှေ့အနောက်ကပ်လျှက်ထိုင်ရင်း
ဂျောင်ကုကသူ့ရင်ခွင်ထဲရောက်နေပြီ~
"အဲ့လိုဆိုရင်တောင်အဲ့လောက်တိုးစရာမလိုဘူးလေ
ဒီမှာအရမ်းကျပ်နေပြီ~"
"ကိုကိုတောင်းပန်ပါတယ် နောက်ဆုတ်ရင်လဲ
မိန်းကလေးတွေကိုအားနာလို့ပါ~"
"ကျစ်!..ရှုပ်ကိုရှုပ်တယ်~"
အဲ့လိုနဲ့ စက်လှေကမောင်းထွက်သွားပြီး
ကျွန်းနဲ့နည်းနည်းဝေးတဲ့နေရာအရောက်မှာ
ရပ်လိုက်ကာ ကိုယ်စီကိုယ်စီရေထဲဆင်းကြတော့
ထယ်ယောင်းက ဂျောင်ကုကိုစိတ်ပူလို့~
"ကလေး ရေနက်တယ်လေ~"
"ဂျောင်ကုကိုစိတ်ပူနေပြန်ပြီလားကိုလူချောရေ
ဂျောင်ကုကကျွမ်းနေပြီ~"
"ဒါဘေမဲ့~~"
သူ့စကားမဆုံးခင်ရေငုတ်သွားတဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းလဲအမြန်လိုက်ဆင်းရေငုတ်သွားရာ
ဂျောင်ကုအပါအဝင်လူတိုင်းက
သူတို့အနားပြေးလွှားနေတဲ့ငါးတွေကို
ပိုက်ဇကာတွေနဲ့ဖမ်းနေကြတာ~
*ကလေးက တကယ်ကိုကျွမ်းနေပြီဘဲ~*
"ဖူး..ဟား~"
YOU ARE READING
~~Mask~~{Complete}