"လုပ်ရမယ့်ဟာကိုကလေးကပြောလေ ကိုကိုကလုပ်ပေးမယ်~"

"အဲ့တာဆို ရေစည်ရိုက်ပေး~"

"ဟင်??"

"မလုပ်တတ်ဘဲနဲ့~"

ထယ်ယောင်းကသူ့အတွက် ရေစည်ဆိုတာ
ရာဇဝင်ထဲမှာကျန်ခဲ့ပြီမို့ အခုချိန်မှာ
ကိုယ်တိုင်ရိုက်ဖို့မပြောနဲ့ မြင်တောင်မမြင်ဖူးတော့~

"အုတ်ကန်လုပ်ခိုင်းလိုက်မယ်လေကလေး~"

"ရွှေ့မရပြုမရနဲ့ မရချင်ဘူး~"

"ရွှေ့မရဘေမဲ့ ခိုင်ခံ့တယ်လေကလေးရဲ့
လုပ်ခိုင်းလိုက်မယ်နော်~"

"okလေ~"

ဂျောင်ကုလက်ခံသွားတာနဲ့ထယ်ယောင်းက
သူ့အိမ်ဆောက်နေတဲ့လူထဲက သုံးယောက်ကိုခေါ်ကာ
ဂျောင်ကုအိမ်မှာရေချိုးကန်လုပ်ခိုင်းလေရဲ့~

"မိုးမရွာရင်တော့ မနက်ဖြန်သုံးလို့ရပြီ~"

"ဟုတ်ပြီ~ကလေး နောက်ထပ်ဘာလိုသေးလဲ~"

"မလိုတော့ဘူး သွားလို့ရပြီ~"

"အင်းပါ အခုကိုကိုသွားတော့မယ် တစ်ခုခုလိုရင်ခေါ်ခဲ့နော်~"

ထယ်ယောင်းက ဂျောင်ကုဆီက မျက်နှာသာပေးမှုကိုရဖို့အတွက် အရမ်းကိုမှအလုပ်ကြိုးစားနေဘေမဲ့
seoulမှာကျန်ခဲ့တဲ့သူ့အလုပ်ကတော့
မန်နေဂျာနဲ့ဖြစ်ချင်ရာဖြစ်နေပြီ~

"ငါးဖမ်းသွားကြမယ်ဂျောင်ကုရေ~"

"ဟုတ် လိုက်ခဲ့မယ်အဒေါ်~"

"ကျွန်တော်လဲလိုက်မယ်~"

"မင်းကငါးဖမ်းတတ်လို့လား~"

"မဖမ်းတတ်ဘေမဲ့ သင်ယူပါ့မယ်~"

"ကောင်းပြီလေ~"

ဂျောင်ကုဘယ်သွားသွားလိုက်ချင်တဲ့ထယ်ယောင်းက
နာမည်ကြီးအကန့်အသတ်ထုတ်အဝတ်စားတွေနဲ့
သဲတောရွှံ့တောရေတောထဲသွားလာနေတာမို့
တွေ့သမျှလူတွေကအံ့သြစွာကြည့်လို့~

"ကလေး ကိုကိုလုပ်ပေးမယ်ပေး~"

"မလုပ်တတ်ဘဲလျှာလာမရှည်စမ်းနဲ့~"

"အဒေါ်ကြီးတွေလုပ်တာမြင်လို့ လုပ်တတ်တယ်~"

"အဲ့တာဆိုရော့ ပုစွန်တစ်ကောင်မှမရရင် ခဗျားအသေဘဲ~"

~~Mask~~{Complete}Where stories live. Discover now