"ကျွန်တော်သူနဲ့မပတ်သက်ချင်ဘူးအဒေါ်တို့ရယ်
သူကျွန်တော့်ကို ဘာတွေလုပ်ခဲ့လဲအဒေါ်တို့မသိဘူး~"
"သူပြောပြလို့ သိသင့်တလောက်သိပြီးပါပြီ
အဲ့တာကြောင့် သူ့ကိုသင်ခန်းစာပေးတဲ့အနေနဲ့
ခိုင်းလိုက်စမ်းပါ~"
"ဟုတ်တယ် ပြီးတော့သူကမြို့သားလေ
ငယ်ကတည်းကပြည့်ပြည့်စုံစုံနေလာတဲ့သူဌေးသား
သူဘယ်လောက်ကြာကြာလုပ်ပေးနိုင်မှာလဲ~"
"အဲ့တာအမှန်ဘဲဂျောင်ကု သူမင်းအပေါ်မှာ
ဘယ်လောက်ထိသည်းခံနိုင်မလဲစောင့်ကြည့်လို့ရတယ်လေ~"
"သူဘယ်နှစ်ရက်နဲ့ပြန်ပြေးမလဲမသိချင်ဘူးလား~"
အဒေါ်ကြီးတွေရဲ့ပြောစကားကြောင့်
ဂျောင်ကုလဲတွေးတွေးဆဆနဲ့ငြိမ်နေပြီး
နောက်ဆုံးတော့ လက်ခံဖို့အတွက်စဥ်းစားရပြီ~
*ခဗျားအကြောင်းကျွန်တော်အသိဆုံးဘဲ
ခဗျားရဲ့စိတ်မရှည်မှုတွေကိုမြင်ရတော့မယ်~*
"အဒေါ်တို့ပြောသလိုလုပ်ကြတာပေါ့~"
"ကောင်းတယ် တကယ်လို့လေ သူထွက်မပြေးသွားဘူး
သည်းခံနိုင်တယ်ဆိုရင် သူနဲ့ပြန်ပေါင်းလိုက်ပါ လူတိုင်းကမှားတတ်ပါတယ်~"
"ပြန်ပေါင်းရအောင် သူနဲ့ကျွန်တော်ကယူထားတာမှမဟုတ်တာအဒေါ်ရဲ့~"
"အင်းပါ ရေထည့်ဖို့တစ်ခုခုလုပ်တော့လေ~"
အဒေါ်ကြီးတွေကဂျောင်ကုကို
စိတ်ဆိုးနေတဲ့အချိန်မို့ ထယ်ယောင်းနဲ့ပတ်သက်မှုကို
မပြောချင်တာလို့ဘဲထင်ကာ ထယ်ယောင်းဆီသွားလေရဲ့~
"အဆင်ပြေလားအဒေါ်~"
"ပြေတယ် ဂျောင်ကုကလက်ခံတယ်တဲ့
အခုရေထားဖို့နေရာတွေပြင်ဆင်နေတယ်~"
"ဟုတ်လား ဝမ်းသာလိုက်တာ အခုကျွန်တော်သွားလိုက်ဦးမယ်~"
"နေဦး ဟေ့ ဟာ ဒီကောင်လေးနဲ့လဲမလွယ်ပါလား~"
ဂျောင်ကုအိမ်ကိုတန်းနေအောင်ပြေးသွားတဲ့ထယ်ယောင်းကြောင့် အဒေါ်ကြီးတွေလဲ ဘာမှမပြောနိုင်
ခေါင်းတခါခါ~
"ကလေး ကိုကိုဘာလုပ်ကူရမလဲဟင်~"
"ခဗျားကဘာလုပ်တတ်လို့ ကူညီမှာလဲ~"
ČTEŠ
~~Mask~~{Complete}
💜18💜
Začít od začátku