"ဒီဘက်ကကမိန်းကလေးတွေချိုးတာ ဒီဘက်မှာကယောကျာ်းတွေချိုးရတာ~"

"အော်~အင်း ကျေးဇူးဘဲ~"

မိန်းကလေးချိုးတဲ့ဘက်ကိုက မိုးကာတွေနဲ့ကာထားပြီး
ယောကျာ်းလေးချိုးတဲ့ဘက်ကျ
ဒီတိုင်းလင်းလင်းရှင်းရှင်းမို့ ထယ်ယောင်းစိတ်ထဲအဆင်မပြေ~

"ဟိုဟာ ကလေးမဟုတ်လား ကလေးရေချိုးလာတာလား~"

"ခဗျား~"

အပေါ်ပိုင်းဗလာ ဘောင်းဘီတိုအပွလေးတစ်ထည်တည်းနဲ့
အဝတ်လျှော်နေတဲ့ဂျောင်ကုကိုမြင်လို့
အားရဝမ်းသာပြေးသွားပြီးမှ တစ်ခြားယောကျာ်းတွေကိုတွေ့လို့ ဂျောင်ကုကိုသဝန်တိုမိပြန်တဲ့ထယ်ယောင်း~

*ကလေးရဲ့ခန္ဓာကိုယ်ကို ဒီကောင်တွေကနေ့တိုင်းကြည့်နေတာပေါ့?*

"ကလေးဒီဘက်လာ ကိုကိုအဲ့ဘက်မှာချိုးမယ်~"

"ဒီနေရာမှာချိုးချင်ရင် သူများထက်ဦးအောင်စောစောလာလေ နောက်ကျမှလာပြီးမှနေရာလာလုနေတယ်~"

"မဟုတ်ဘူးကလေး ကိုကိုနေရာလိုချင်လို့မဟုတ်ဘူး~"

"အဲ့တာဆိုလဲလာမရှုပ်နဲ့~"

ဒီကျွန်းမှာက ရေချိုရတာ ဒီရေတွင်းနှစ်တွင်းသာရှိတာမို့
ရေကိုအိမ်ထိခပ်ပြီးချိုးရင်ချိုး မဟုတ်ရင်း
ချိုးဖို့လုပ်ထားတဲ့နေရာမှာချိုးမို့ သုံးရေရောချိုးရေပါမခပ်နိုင်တဲ့ဂျောင်ကုက ရေချိုးရင်ဒီမှာဘဲလာချိုးတာ~

*ကံကလဲဆိုးလိုက်တာ ရေချိုးတာတောင်လာဆုံနေတယ်~*

ဂျောင်ကုကအစကတော့ရေလာချိုးဖို့ကြောက်ခဲ့ဘေမဲ့
သူ့ကိုဘယ်သူမှဘာမှမလုပ်သလို နှာဘူးအကြည့်နဲ့ကြည့်တဲ့သူလဲမရှိတာမို့ အခုဆိုအဆင်ပြေနေပြီ~

*ကလေးကိုစိတ်မချပါဘူးကွာ~*

"ကလေး........

"လာမနှောက်ယှက်စမ်းနဲ့~"

သူတစ်ယောက်တည်းပြာယာခတ်နေချိန်
ဂျောင်ကုကအဝတ်လျှော်ပြီးလို့ရေချိုးတော့
ရေစိုသွားတဲ့ဘောင်းဘီတိုအပွက မက်မွန်သီးမှာကပ်သွားတာမို့ ထယ်ယောင်းတစ်ယောက် သူများတွေကိုလိုက်ကြည့်ချိန်
ဘယ်သူမှဘာမှဖြစ်မနေဘဲ သူတစ်ယောက်တည်းလောင်တီးနေတာ~

~~Mask~~{Complete}Where stories live. Discover now