"မင်းအတွက်အရမ်းတန်ဖိုးရှိတဲ့လူကိုဆုံးရှုံးလိုက်ရတာဘဲ~"
"ဟုတ်တယ် ဆုံးရှုံးသွားတဲ့အခါမှ တန်ဖိုးဘယ်လောက်ရှိသလဲသိရတာ ကျွန်တော်ကလေးကိုပြန်လိုချင်တယ်
ကလေးကိုပြန်ရမယ်ဆို ဘာဘဲလုပ်ရလုပ်ရအကုန်လုပ်မယ်~"
"မင်းအများကြီးကြိုးစားရလိမ့်မယ်လို့အဒေါ်ထင်တယ်~"
"ဘယ်လောက်ဘဲခက်ခဲပါစေ ကျွန်တော်ကြိုးစားမယ်~"
ဆုံးဖြတ်ချက်ချထားပြီးပြီဖြစ်တဲ့ထယ်ယောင်းက
လောလောဆယ်မှာ အိပ်ယာပြောင်းတာကတစ်မျိုး
ခြင်ကိုက်တာကတစ်မျိုး ဂျောင်ကုကိုလွမ်းတာကတစ်မျိုးနဲ့တစ်ညလုံးအိပ်မပျော်~
"ကိုလူချော ကိုလူချောရေ ထပါဦး~"
"ဟင်..အင်း..ဘာဖြစ်လို့လဲအဒေါ်~"
မိုးလင်းခါနီးမှအိပ်ပျော်သွားတဲ့ထယ်ယောင်းက
အရင်ကဆို သူအိပ်ရေးမဝခင်သူ့ကိုလာနိုးရင်
ဒေါသထွက်တတ်ဘေမဲ့ အခုတော့သည်းခံထရတယ်။
"ကုန်သင်္ဘောရောက်တယ် မင်းမှာထားတဲ့အိမ်ဆောက်ပစ္စည်းအတွက်ငွေရှင်းပေးပါတဲ့~"
"ဟုတ်ကဲ့~"
အစောကြီးဆိုက်ရောက်လာတဲ့ကုန်သင်္ဘောမှာ
သူ့အိမ်ဆောက်တဲ့လူတွေနဲ့ အိမ်ဆောက်ပစ္စည်းတွေချည်းမို့
ထယ်ယောင်းအမြန်သွားကာ ငွေရှင်းပေးရင်း
ဂျောင်ကုအိမ်ကိုကြည့်ကြည့်တော့ဆိုင်တောင်မဖွင့်သေး~
*ကလေးအိပ်နေတုန်းထင်တယ်~*
"ရေချိုးချင်တယ် အဒေါ်ကြီး ရေဘယ်မှာချိုးရမလဲဗျ~"
"ရေချိုးချင်လို့လား သားရေ ဒီမှာဦးဦးကိုရေချိုးဆိပ်လိုက်ပို့လိုက်ပါဦး~"
"ဟုတ်ကဲ့~"
"လဲစရာအဝတ်တွေ တစ်ခါတည်းယူသွားနော်ကိုလူချော~"
"Nae~"
*ပင်လယ်ထဲချိုးရမှာတော့မဟုတ်ပါဘူးနော်~*
ထယ်ယောင်းတစ်ယောက် ရင်တမမနဲ့
လမ်းပြပေးတဲ့ကလေးနောက်လိုက်သွားရာ
ကျွန်းရဲ့အလယ်လို့ထင်ရတဲ့နေရာမှာ ရေတွင်းနှစ်တွင်းရှိပြီး
ရေပိုက်နဲ့ ကန်တွေထဲဖြည့်ထားတာ~
KAMU SEDANG MEMBACA
~~Mask~~{Complete}
💜18💜
Mulai dari awal