*ကလေးမြင်သွားလို့မဖြစ်ဘူး အခုချိန်ကြီးမှကွာ~*
"မြို့သား အဝတ်ဘယ်လိုလျှော်ရမလဲတွေးနေတာလား~"
"အာ..ဟုတ်..ဟုတ်တယ်~"
ရေချိုးပြီးရင်ဝတ်ဖို့ယူလာတဲ့အဝတ်စားတွေကို
ဂွကြားမှာပုံပြီးထိုင်နေတဲ့ထယ်ယောင်းကဘာဖြစ်နေလဲ
ဘယ်သူမှမသိသလိုဂျောင်ကုကလဲကရုစိုက်မနေ~
"ဟာ ပြီးပြီလားဂျောင်ကု~"
"ဟုတ်တယ် ပြီးပြီ ပြန်နင့်မယ်နော်~"
"အေအေ~"
ဂျောင်ကုသွားလိုက်တဲ့အခါမှဘဲ
အုပ်ထားတဲ့အဝတ်စားတွေကိုဖယ်တော့တဲ့ထယ်ယောင်းက
ရေအမြန်ချိုးပြီး ပြန်လာတော့တယ်။
*ကလေးရေချိုးဖို့ ငါစီစဉ်ပေးရမယ်
ဒီလိုနေ့တိုင်းချိုးနေရင် သူများတွေကြည့်ကြမှာဘဲ~*
"ချိုးခဲ့ပြီလားကိုလူချော အဆင်ပြေရဲ့လား~"
"ဟုတ် အဒေါ် ရေတွင်းကရေကိုလေ
အိမ်ကိုစက်နဲ့စုပ်တင်လို့ရလား~"
"အဲ့တာတော့မရဘူးကိုလူချောရေ ဒီကျွန်းမှာ
ရေချိုကဒါဘဲရှိလို့ ချွေတာသုံးစွဲနေကြရတာ
ဘယ်အိမ်မှစက်နဲ့တင်ခွင့်မရှိဘူး~"
"အဲ့တာဆိုခပ်ရုံပေါ့~"
"ကိုယ်သုံးဖို့ဘဲ ကိုယ်ခပ်ရမှာပေါ့~"
"ကျွန်တော့်အတွက်မဟုတ်ဘူး ကလေးအတွက်
ကလေးရေချိုးဖို့~"
"နင့်ဟာကလဲသဲလွန်းပါတယ်ဟယ် အပျိုမိန်းကလေးတွေတောင်ဟိုမှာဘဲသွားချိုးတာ ပြီးတော့ဂျောင်ကုဒီလိုဘဲချိုးလာတာသုံးနှစ်ကျော်ပြီ~"
"သဲရမယ်..အာ..ကလေးကိုကျွန်တော်
ရေခပ်ပေးမယ့်အကြောင်း အဒေါ်ပြောပေးပါလား~"
"ဖြစ်ပါ့မလားဟယ်~"
"ဖြစ်ပါတယ် အဒေါ်တို့ပြောရင် ကလေးကရပါတယ်~"
"အေးပါ ပြောကြည့်လိုက်မယ်လေ မရရင်တော့မတတ်နိုင်ဘူးနော်~"
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်~"
ထို့နောက်ထယ်ယောင်းက သူ့အိမ်ဆောက်တဲ့နေရာကိုသွားပြီး
ဟန်ပြသွားကြည့်နေကာ အဒေါ်ကြီးသုံးယောက်က
ဂျောက်ကုဆီသွားပြီး ထယ်ယောင်းရေခပ်ပေးမယ့်အကြောင်းသွားပြောကြလေရဲ့~
YOU ARE READING
~~Mask~~{Complete}