ကုဟွိုက် သူ့မှတ်ဉာဏ်များထဲမှအတိုင်း လျှောက်လာခဲ့ပြီး ရင်းနှီးနေသည့်ဂူတစ်လုံးအားတွေ့လိုက်ရသည်။ ကုဟွိုက် တဒင်္ဂမျှတုံ့ဆိုင်းသွားခဲ့၏။ လွန်ခဲ့သည့်နှစ်အနည်းငယ်က စွန့်ပစ်ဂြိုလ်ကို ဇက်တို့ကပြောင်းလဲလိုက်ပြီဖြစ်ကြောင်း သူသိထားခဲ့ပြီး ဤပုံစံအတိုင်းဖြစ်မနေသင့်ပေ။

ဇက်တို့သည် ကုဟွိုက်မွေးဖွားလာသည့်ဂြိုလ်က လှပသည့်နေရာဖြစ်သင့်သည်ဟုတွေးခဲ့ကြသည်။ ထို့ကြောင့် ကုဟွိုက်ကို တူဆာသို့ပြန်ခေါ်လာကြသည့်အခါ ဤစွန့်ပစ်ဂြိုလ်ကိုပြောင်းလဲနိုင်ရန် တိုးတက်ပြောင်းလဲရေးလုပ်ငန်းစဉ်များအတိုင်း ဆောင်ရွက်ခဲ့ကြသည်။

ကုဟွိုက်၏မွေးနေ့တွင် သူတို့ကကုဟွိုက်အား မွေးနေ့လက်ဆောင်ပေးခဲ့ကြ၏။ ၎င်းသည်ကား တိုးတက်ပြောင်းလဲခဲ့ပြီးသောစွန့်ပစ်ဂြိုလ်ပင်။ ယခု ကုဟွိုက်မျက်လုံးထဲတွင် ဂြိုလ်ကပျက်စီးနေဆဲဖြစ်ပြီး သူ၏မူလ
ကမှတ်မိနေခဲ့သည့်မှတ်ဉာဏ်များထဲကထက်ပင် ပို၍ယိုယွင်းချိနဲ့နေလေသည်။ လုံးဝမဖြစ်နိုင်သည့်အရာမှန်းသိနေသည့်တိုင် ကုဟွိုက်မှာလက်ရှိအခြေအနေကိုကြည့်ပြီး သူ၏ပင်ကိုယ်စိတ်ဖြင့်ပင် နားလည်ပေးနိုင်ရန်ပိုခက်ခဲနေခဲ့သည်။

ယခု သူတွင်ခန္ဓာကိုယ်မရှိပေ။ ဝိညာဉ်အဖြစ်မြောနေသည်ဟုပင်ဆိုရမည်။ ခဏတာခန့် ကုဟွိုက်မှာ ဤအခြေအနေတွင်ဘာလုပ်ရမည်မသိ။ ထို့နောက် အဝေးမှရင်းနှီးနေသော ဂူအဝင်ဝကိုလှမ်းကြည့်ကာ ဝင်သွား၍ကြည့်ရန်ဆုံးဖြတ်လိုက်၏။

ကုဟွိုက်သည် မှတ်ဉာဏ်ထဲကအတိုင်း အတိအကျတည်ဆောက်ထားသည့် မှောင်မည်းနေသောဂူထဲသို့ဝင်သွားလိုက်သည်။ ကုဟွိုက် ပေါ့ပေါ့ပါးပါးလျှောက်သွားလိုက်ပြီး ဂူ၏အတွင်းဘက်အကျဆုံးနေရာသို့ အမြန်ဆုံးရောက်ရှိသွားခဲ့သည်။ ဤနေရာအရောက်တွင် ကုဟွိုက်သည် အတူယှဉ်ထားသည့် ဥလေးနှစ်လုံးအားတွေ့လိုက်ရသည်။ အဖြူတစ်လုံးနှင့်အနက်တစ်လုံး။

၎င်းက ဇက်မျိုးနွယ်စုများ၏ဥများပင်။ သူသည် မွေးဖွားလာခဲ့သည့်စွန့်ပစ်ဂြိုလ်ကိုရှာတွေ့ခြင်းထက်ပင် ပို၍အံ့အားသင့်သွားခဲ့သည်။ ကုဟွိုက်မှာလုံးဝကြက်သေသေသွားခဲ့ရ၏။ အက်ကွဲလာသည့်အသံကိုကြားရသည့်အခါ သူပို၍ပင်သတိရှိသွားခဲ့သည်။

ငါ လူသားမဟုတ်တော့ဘူးDonde viven las historias. Descúbrelo ahora