Chapter 67

977 141 1
                                    

Chapter 67(UNCENSORED)

ကုဟွိုက် ရှက်ရွံ့မှုကို လုံးဝမထိန်းချုပ်နိုင်ပေ။ သူ့ပါးပြင်မှ အပူများက သူ့လည်ပင်းဆီသို့ ပျံ့နှံ့သွားသည်။ ကုဟွိုက်သည် 'မိတ်လိုက်' ရန် တောင်းဆိုသည့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ မစဉ်းစားခဲ့ဖူးသလို အလ်ဗ်မှလွဲ၍ ဤမျှဖြူစင်နေသေးသောသူကိုလည်း မတွေ့ဖူးပေ။

သူ့ရှေ့ရှိ ငွေရောင်ကြောင်ကြီးသည် မည်သို့သောတောင်းဆိုမှုမျိုးကို သူတောင်းဆိုမှန်း သတိထားမိပုံမပေါ်ပေ။ အဲလ်ဗ်က ပြောပြီးသည့်အခါ ကုဟွိုက်ကို စိုက်ကြည့်နေခဲ့သည်။ သူ၏အမူအရာမှာ အေးစက်နေသော်လည်း နာခံမှုရှိကာ ကုဟွိုက်၏ခွင့်ပြုချက်နှင့် သင်ကြားပေးမှုကို စောင့်မျှော်နေသည်။

ထိုနေရာက စာသင်ခန်းတစ်ခန်းသာ ဖြစ်မည်ဆိုလျှင် အလ်ဗ်သည် ဆရာ၏သင်ခန်းစာများကို နားထောင်ရန်စောင့်ဆိုင်းနေသည့် ကျောင်းသားကောင်းတစ်ယောက်ကဲ့သို့ပင်။ သို့သော် စင်မြင့်တွင် ရပ်နေသည့် ဆရာတစ်ယောက်ကဲ့သို့ ကုဟွိုက်သည် ဤမေးခွန်းကို ရှင်းပြရာ၌ မတော်သည့်အကြောင်းကိုသာ သူ ပြောလိုသည်...

အဲလ်ဗ်သည် ကုဟွိုက် ရှက်ကိုးရှက်ကန်းဖြစ်နေသည်ကို မြင်နိုင်သော်လည်း ထိုသို့ရှက်ရသည့် အကြောင်းရင်းကိုတော့ သူ မသိပေ။ ကုဟွိုက် ရှက်နေသည်ကို မြင်ပြီး သူ သိသည်မှာ တစ်ခုတည်းသာရှိသည်။ သူ၏အမြီးဖြင့် ကုဟွိုက်ကို ရစ်ပတ်ထားချင်သည်။

အဘယ်ကြောင့်ဆိုသော် ကုဟွိုက်၏ရှက်နေသော မျက်နှာသည် အလွန်ကြည့်ကောင်းသည်ဟု အလ်ဗ်က ခံစားရသောကြောင့် ကုဟွိုက်ကို မည်သူမှ မမြင်နိုင်အောင် တစ်ဖက်လူကို ပတ်ရစ်ထားချင်သည်။ တစ်ဖက်တွင်မူ သူ၏အမြီးသည် ကုဟွိုက်အား နောက်တစ်ဖန်ရစ်ပတ်လိုက်သည်နှင့် သူ၏ပိုင်ဆိုင်လိုသောစိတ်ဆန္ဒမှာ အတိုင်းအတာတစ်ခုအထိ ကျေနပ်သွားပေလိမ့်မည်။

"မင်းက ငါ့ထက် အယ်လီနောပန်းနဲ့ ပိုသင့်တော်တယ်..." အဲလ်ဗ်၏အကြည့်က အနည်းငယ်စူးရှလွန်နေပြီး ကုဟွိုက် အဝေးသို့ အကြည့်မလွှဲဘဲ မနေနိုင်ပေ။

ဖြူစင်သော ချစ်သူ။ အရာအားလုံးသည် သတ်မှတ်ထားသည့်အတိုင်း အံဝင်ခွင်ကျဖြစ်နေသကဲ့သို့ ကြောင်ကြီးသည် သူ့ထက် ထိုပန်း၏ဘာသာစကားနှင့် ပိုသင့်တော်သည်မှာ ထင်ရှားသည်။ ကြည့်လိုက်လေ၊ သူက အရမ်းဖြူစင်လွန်းတယ်...

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now