Chapter 34

1.3K 216 2
                                    

Chapter 34

ငြိမ်းချမ်းရေးခေတ်သစ်တွင် ကြယ်တာရာခေတ်၏အနုပညာလောကသည် တစ်နေ့ထက်တစ်နေ့ ပိုမိုကောင်းမွန်လာခဲ့၏။ ဝိညာဉ်ပိုင်းဆိုင်ရာနှင့် ရုပ်ဝတ္ထုလောကကို စိတ်ဝင်စားခြင်းမရှိကြသော အေးတိအေးစက်ဇက်များမှအပ ကြယ်တာရာအတွင်းမှ မျိုးနွယ်စုအများအပြားမှာ စိတ်ပျော်ရာအဖြစ် ရှာဖွေတတ်ကြသည်။

လိုအပ်ချက်ရှိလျှင် တိုးတက်မှုလည်းရှိလိမ့်မည်။ ကုဟွိုက်သည် ကြယ်တာရာအတွင်းမှ ကိစ္စရပ်အလုံးစုံကို အထက်ပါရှုထောင့်မှနားလည်လာခဲ့၏။ ကုဟွိုက်မှာ သူ၏လောကအတွင်းမှအနုပညာဖျော်ဖြေမှုသည် တိုးတက်လာသော ကြယ်တာရာလောကအတွင်း ပို၍အရောင်အသွေးစုံလင်လာမှန်း သဘောပေါက်လာသည်။

တီဗွီရုပ်သံအစီအစဉ်များ၊ ရုပ်ရှင်များ စသဖြင့်..အားလုံးမှာ သူနေထိုင်ခဲ့သောမူလကမ္ဘာနှင့် နှိုင်းယှဉ်ကြည့်ပါကပိုမိုတိုးတက်လာခဲ့ပြီး သုံးဖက်မြင်ပုံရိပ် ပုံစံဖြင့်ကြည့်ရှုနိုင်လာသည်။ သို့ဖြစ်၍ ကြယ်တာရာများအကြား မျိုးနွယ်စုတိုင်းမှ သရုပ်ဆောင်များ၊ အဆိုတော်များနှင့် အိုင်ဒေါများမှာ လစ်လပ်သွားသည်ဟူ၍မရှိ။ ဂိမ်းနှင့် ဆိုရှယ်မီဒီယာများပင် သုံးဖက်မြင်ပုံရိပ်ပေါ်စေသော ပစ္စည်းများဖြင့် ထုတ်လုပ်လာကြသည်၊ ဥပမာ ကြယ်တာရာကွန်ရက်...။ စကားပြော chat တွင် ပုံရိပ်ယောင်ကမ္ဘာအတွင်းသို့ဝင်ရောက်ကာ သုံးဖက်မြင်ပုံရိပ်ကိုဖြတ်သန်းပြီး 'မျက်နှာချင်းဆိုင်' စကားပြော၍ရနိုင်သည့် စနစ်တစ်ခုကိုထည့်ပေါင်းထည့်ထားသည်။ ၎င်းက အင်မတန်အဆင်ပြေချောမွေ့စေ၏။

ထိုအကြောင်းများကြောင့် ဇက်များက သူတို့ဘုရင်၏ဆေးခတ်ခံထားရသည်ဟူသော အတွေးမျိုးပေါ်လာရခြင်းသာ၊ ကြယ်တာရာအတွင်းနေထိုင်ကြသော လူများမှာ စကားဝှက်အရှည်များကိုသာ အသုံးပြုနိုင်ကြသည်။ အခြားသောလူများ၏ ဆေးများက ကြယ်တာရာကွန်ရက်အတွင်း ပွဲဆူစေရန် ကန့်သတ်ထားပြီး ပစ္စည်းများကိုလည်း အနည်းနှင့်အများတင်းကြပ်ထားသည်၊ သို့သော် ဇက်များမှာကား သူတို့ဘုရင်အတွက်ဆေးခတ်ခံခဲ့ကြသည်။ အဆိုပါခံစားချက်အတိုင်းအတာက နှိုင်းယှဉ်၍ပင်မရနိုင်ချေ။

ငါ လူသားမဟုတ်တော့ဘူးTahanan ng mga kuwento. Tumuklas ngayon