"ဟင့်အင်း"

ကျိန်းစက် ထူပူလာတဲနှုတ်ခမ်းသားတွေဟာ မျက်၀န်းတွေကနေ မျက်ရည်အဖြစ်သို့ကျဆင်းအောင်တွန်းပို့သည်။

ခုံထက် မှာရုနိးလို့မရသည့်အနေထားမို့ ဘုံ ဟာလွင်ပြင်ရဲ့ကြမ်းတမ်းသောအနမ်းမှာ မလွတ်မြောက်နိုင်

အပေါ်နှုတ်ခမ်းတွေကို တတိတိငုံကာအောက်နှုတ်ခမ်းကိုလည်း ခပ်ကြမ်းကြမ်းငုံခဲ နမ်းရှိုက်သည်။

အောက် နှုတ်ခမ်းကို ကိုက်ချလိုက်တာလားမသိ စပ်ဖျင်းဖျင်း​ေ၀ဒနာနဲ့အတူ ငံကျိသောသွေးအရသာပါ ခံစားမိသည်။

"ရူးချင်စရာပဲမင်းသွေးတွေအစ ချိုနေလိုက်တာ အဟွန်း"

တိုးတိတ်သောရေရွတ်သံပေမယ့် သူ့အသံက ဘုံ့သွေးကြောတို့ကို တဖျင်းဖျင်းရှိန်းတက်စေသည်။

"အခုအိမ်ပြန်တော့ "

အမိန့်ပေးသံဆုံးတာနဲ့ ဘုံ ငူငူငိုင်ငိုင်လေး
မက္တပ်ထရပ်သည်။

"အပြင်မှာ မင်းသူငယ်ချင်းစောင့်နေတယ်
သူကတော့ နက်ဖြန်လောက်သက်သာသွားမှာပါ"

သွေးတချို့ပေနေသော ဘုံ့နှုတ်ခမ်းလေးကို လက်ဖြင့် တို့ထိဖယ်ရှားရင်း လွင်ပြင်ကအေးဆေးတည်ငြိမ်စွာပြောသည်။

"သွားတော့"

အသိစိတ်ပျောက်နေသူပမာ ဘုံ ဟာ တရွေ့ရွေ့ ခြံပြင်သို့ရောက်ရှိသွားသည်။
မာဂရက်္မှာ လည်းထို့နည်းတူစွာ ......

မင်းရဲ့စိတ်၀ိဥာဥ္ကို ချုပ်ကိုင်ဖို့ အချိန်နည်းနည်းပဲလိုတော့တယ်ဘုံ

မင်းက ငါဘ၀မှာ ပထမဆုံးတပ်မက္စိတ်ကို ဖြစ်အောင် လုပ်ခဲ့တဲ့ မိန်းမ
ဒါကြောင့် ငါ့ဘက်ကလုပ်ခဲ့တာ မှန်သမျှ မင်းကိုကာကွယ်ဖို့နဲ့ ရယူဖို့.....

..........

"လွင်ပြင်!!!!!"

ရာသီဥတုဟာအေးစ်မ့်လွန်းတာကြောင့် နှင်းသံတဖျောက်​ေဖျာက်ဟာ ပုံမှန်ထက်ကျယ်​ေနေသယောင်

သို့ပေမယ့် ဘဲွ့ဖြူရဲ့ ဒေါသတကြီး အော်သံကတိတ်ဆိတ်​ေသာ၀န်းကျင်မှာ
ဟိန်းကနဲထွက်လာသည်။

မာယာကျော့ရှင် (1930)Where stories live. Discover now