အပိုင်း - ၅

17 3 0
                                    

#Unicode

ထိုဖြစ်ရပ်အပြီး၌ ကိုအဏ္ဏဝါမှာ ‌ပျောက်ခြင်းမလှပျောက်သွားပြီး နောက်နေ့မနက်၊သင်္ကြန်အတက်နေ့မှသာ မနက်အစောကတည်းက အိမ်သို့ရောက်ချလာတော့သည်။သူကသာ မည်သို့မျက်နှာချင်းဆိုင်ရမည်ကို မသိသော်ငြား ကိုအဏ္ဏဝါကတော့ ဘာမှမဖြစ်ခဲ့သယောင် ပြုံးရယ်ကာ စကားဆက်ပြောနေဆဲပင်။

ရှိန်းမင်းထက်ယံ စိတ်ထဲ စနိုးစနောင့်ဖြစ်သွားရကာ မနေ့ကဖြစ်ရပ်မှာ စနောက်ခြင်းတစ်ခုလားဟု တွေးလိုက်မိသည်။အကယ်၍ အမှန်တကယ် စနောက်ခြင်းဖြစ်ပါက သူ တကယ် စိတ်ဆိုးမိလောက်မည်။

ရုတ်တရက် တွေးလိုက်သည့် အတွေးကြောင့် ရှိန်းမင်းထက်ယံ ဖိနပ်ကြိုးချည်နေသည်ကို ရပ်တန့်လိုက်မိသည်။ယခုတွေးလိုက်သည့် ကိုယ်ကိုယ်တိုင်၏အတွေးကို ရှိန်းမင်းထက်ယံ မယုံနိုင်ပေ။စိတ်ဆိုးမည်ဟု တွေးရအောင် ကိုအဏ္ဏဝါက သူ့ကို တကယ်ကြိုက်ရန် မျှော်လင့်နေသည်သလို ဖြစ်နေလေသည်။

သူ ဘာကြောင့် ယခုလိုအတွေးများကို တွေးနေမိလဲဆိုသည်ကို တကယ်နားမလည်နိုင်တော့ချေ။သူ၏မသိစိတ်က မျှော်လင့်နေခဲ့ခြင်းပေလား။

ဧည့်ခန်းထဲတွင် မေမေနှင့်စကားပြောနေသည့်၊ သူ၏အတွေးများကို ထွေပြားစေသောလူကို ရှိန်းမင်းထက်ယံ မော့ကြည့်လိုက်သည်။ထိုလူ၏ရုပ်သည် ယခုအချိန်အထိ မနေ့ကဖြစ်ရပ်များမှာ မဖြစ်ခဲ့ဖူးသယောင် မျက်နှာထားမျိုးဖြစ်သည်။ထိုသို့‌တွေးမိတိုင်း ရှိန်းမင်းထက်ယံ သူ၏အလိုမကျမှုများ တိုးတိုးလာသည်ကို ခံစားရသည်။

သူသည်လည်း ကလေးတစ်ယောက် မဟုတ်တော့သည့် ခေတ်လူငယ်တစ်ယောက်ဖြစ်ပြီး အချစ်ဆိုသည်မှာ အချစ်သာဖြစ်ကြောင်း ခံယူထားသူဖြစ်သည်။ထို့ကြောင့် ယောက်ျားတစ်ယောက်၏ဖွင့်ဟဝန်ခံခြင်းအပေါ် သူ ဘယ်လိုမှ မထင်မြင်ခဲ့ခြင်းပင်။စိတ်အေးအေးထားကာ စဉ်းစားကြည့်တော့ ယခုအခြေအနေမှာ ပထမဆုံးကြုံတွေ့ခဲ့ခြင်းဖြစ်တာကြောင့် သူ၏စိတ်မှာ ‌တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်းဖြစ်နိုင်သည်။

သေချာသည်ကတော့ စိတ်အနည်းငယ် ကစားနေခြင်းဖြစ်နိုင်ကာ ၁၅၀၀အဆင့်ထိတော့ ရောက်သေးပုံမပေါ်ပေ။ရှိန်းမင်းထက်ယံ စိတ်စမ်းသပ်မှုအပြီး၌ ဖိနပ်ကြိုးကို သေချာချည်ပြီး မေမေ့ကို နှုတ်ဆက်ကာ လျှောက်လည်ရန် ထွက်လာခဲ့တော့သည်။

ဤသင်္ကြန်မှစ၍ {Completed}Where stories live. Discover now