အခန်း ( ၃၁ )

256 8 0
                                    

" မင်းမြတ်က ဘာလို့ထွက်မလာသေးတာလဲ "

ခပ်တိုးတိုးရေရွတ်ရင်း တက္ကသိုလ်ကျောင်းကြီးရဲ့ ဝင်ပေါက်မှာ လည်တဆန့်ဆန့်နှင့် ရည်ရွယ်သူကိုမျှော်နေပါသည့် တတိယနှစ်ကျောင်းသားလေးတစ်ဦး ရှိနေပါ၏။

" ဟော .. ဟော ... ထွက်လာပြီ "

မျှော်လင့်နေသူကို တွေ့လိုက်ရတော့ မျက်နှာလေးကဝင်းပသွားကာ မျက်လုံးအစုံတို့မှာလည်း အရောင်တလက်လက် ...

" မင်းမြတ် ! "

လက်ကိုဝေ့ရမ်းပြရင်း အသံကျယ်နဲ့အော်ခေါ်လိုက်တာမို့ အနားရှိလူတချို့က လှည့်ကြည့်လာကြသည်။ မင်းမြတ်သည်လည်း ထင်မှတ်မထားတာကြောင့် အံ့ဩသွားရင်း တဆက်ထဲတွေးမိသည်က

~ သန့်ပိုင်က ဘာလို့ဒီကိုရောက်လာတာလဲ။ လမ်းခွဲထားတာ ကြာလှပြီမဟုတ်ဘူးလား။ အကြာကြီးနေမှ တွေ့ရတာတောင် သူက အရင်ကလိုချစ်ဖို့ကောင်းနေတုန်းပဲ။ မဟုတ်ဘူး အရင်ကထက်ပိုပြီး ချစ်ဖို့ကောင်းလာတာပါလား ~

" မင်းမြတ် ... မင်းမြတ်လို့ "

လက်ကိုဆွဲကာ ရှေ့နောက်ရမ်းရင်း အမည်ကိုခေါ်လာသူကြောင့် မင်းမြတ်တစ်ယောက် ပစ္စုပ္ပန်ဆီ အာရုံပြန်ရောက်လာသည်။

" မင်း ... သန့်ပိုင်လေးက ဒီကိုဘယ်လိုလုပ်ရောက်လာတာလဲ "

နှစ်ကြာသွားတာတောင် အခေါ်အဝေါ်မပြောင်းလဲသေးတာမို့ သန့်ပိုင် ကြိတ်ပြုံးမိ၏။ ဒီပုံစံအတိုင်းဆို မင်းမြတ်က သူ့ကို အရမ်းကြီးစိတ်မနာလောက်ဘူးမလား ...

ဖွင့်ပြောစရာရှိနေတာကို ပြန်လည်တွေးမိရင်း ရှက်သွေးဖြာလာရသည်။

" ငါ ... ငါ ... မင်းနဲ့အတူနေဖို့ရောက်လာတာ "

" ဘယ်လို ... ကိုယ်တို့နှစ်ယောက်လမ်းခွဲလိုက်တာ ကြာပြီလေ "

" မင်း ... ငါ့ကိုချစ်နေသေးလားဟင်မင်းမြတ် "

အဖြေကို မျှော်လင့်တကြီး စောင့်နေပါသည့် သန့်ပိုင်ကိုကြည့်ရင်း မင်းမြတ်နားမလည်နိုင်တော့။

သူ့ကို လမ်းခွဲဖို့ပြောခဲ့တာလည်း သန့်ပိုင်ပင်။ ယခုအတော်ကြာမှ အတူနေဖို့ဆိုပြီး ရောက်လာပြန်သည်။ ချစ်သေးလားလို့လည်း မေးနေပါသေး၏။ သန့်ပိုင်လေးက ဘာဖြစ်ချင်နေတာပါလိမ့် ...

သူသာလျှင် အချစ်ဆုံးပေမို့ [ Completed ✅  ]Wo Geschichten leben. Entdecke jetzt