Part - 21

986 50 3
                                    

"ဒေါက်တာ ခွင့်မပြုရင်လည်း ရတယ်နော် ၊ သမီးကချစ်လွန်းလို့ ပိုင်ဆိုင်ချင်လွန်းသွားတာပါနော်"
"အက်လိုမဟုတ်ပါဘူး ၊ တို့က မင်းအပိုင်ပါ" ဆိုကာ ကျွန်မနဖူးလေးကို လှမ်းနမ်းလိုက်သည်။

ဒေါက်တာရဲ့ ပြီးပြည့်စုံပြီး လှပလှသော ကိုယ်ခန္ဓာအနှံ့ကို မြတ်နိုးမှုအပြည့်ဖြင့် အနမ်းလေးများခြွေနေရင်း ရင်ကလည်း တသိမ့်သိမ့်နဲ့ တုန်နေမိသည်။ နောက်ဆုံး ကျွန်မတို့နှစ်ယောက်လုံး ကမ္ဘာလောကကြီးကနေ ပျောက်ကွယ်သွားပြီး ကောင်းကင် ဘုံခုနှစ်ဆင့်ကို နှစ်ယောက်သားရောက်သွားသလိုခံစားရကာ ချစ်ခြင်းတရားများထပ်တူကြခဲ့ကြလေသည်။

"မောသွားပြီလား မိန်းမ" နားလေးနား တိုးတိုးလေးကပ်ပြီးပြောလိုက်တော့ ရှက်သွားတာ မျက်နှာကြီးက ရဲလို့
"အက်လိုမခေါ်နဲ့ မကြိုက်ဘူးနော်သမီး ၊ မင်းကိုချစ်လွန်းလို့သာ အရာရာကိုတို့ပုံအပ်ခဲ့တာ"
"သမီးသိပါတယ် နောက်ဆိုမခေါ်တော့ဘူးနော်၊ အရမ်းလည်းချစ်တယ်၊ အရမ်းလည်းမြတ်နိုးတယ် ဒေါက်တာ့ကို"
"အာ့ဆို တို့စကားကို အရင်ကထက် ပိုနားထောင်ရမယ်နော်၊ မဆိုးရဘူးနော်၊ အရက်သေစာတွေကိုလည်း တို့ခွင့်မပြုဘဲ မသောက်ရဘူးနော်"
"စိတ်ချပါနော်" သူမ နှုတ်ခမ်းလေးနဲ့ ပါးလေးကို လက်မလေးဖြင့် ပွတ်ရင်း သူမစကားလေးများကို တသွေးမသိမ်း လိုက်နာနေမိတော့သည်။

အဓိပ္ပာယ်များစွာ ပြည့်နှက်နေတဲ့ ဒီနှစ်သင်္ကြန်အကျနေ့လေးကို ဘဝမှာ အမြဲတမ်း ပြန်လည်တမ်းတ နေမိတော့မှာ အမှန်ပေ။

"ဟဲလို ဇင်ရေ ၊ မနက်ဖြန်တောင်ကြီးသင်္ကြန်မသွားချင်တော့ဘူး၊ ငါခေါင်းကလည်းမကြည်သေးလို့"
"အေး ငါပြန်ပြောလိုက်မယ် နင်သက်သာသွားပြီလား အခုရော"
"သက်သာပါတယ်၊ ဒေါက်တာက ငါ့ကိုသေချာဂရုစိုက်ပေးပါတယ်"
"အေးပါအေးပါ ၊ ဒါပဲနော်"

ဒေါက်တာက ကိုယ်ဖိရင်ဖိ ဂရုစိုက်တယ်ဆိုတာ သူသိအောင် ပြောပြချင်နေတာ အရမ်းပဲ။

အပိုင်းသစ်မျှော် (သာသာ ခရီးသွားနေရင်းနဲ့ ရေးရတာမို့ နည်းနည်းတိုသွားတာကို သည်းခံပေးကြပါနော်)

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now