Part - 20

1K 58 2
                                    

ကျွန်မတို့ တောင်ကြီးသင်္ကြန် သွားကြမှာကို သဘောမတူသည့် အထဲတွင် ဒေါက်တာက ထိပ်ဆုံးက
" မင်း မိဘတွေကို တို့ကအာမခံပြီး မင်းကို ခေါ်လာခဲ့တာ ၊ တစ်ခုခုဆိုတို့မကောင်းဘူးဖြစ်မယ် နှင်း"
"ဒေါက်တာကလည်း သမီးက မနူးမနပ် ကလေးလား၊ သမီးက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နေတဲ့ မိန်းကလေးတစ်ယောက်ပါ" ကျွန်မပြောလိုက်တဲ့ စကားသံမှာ အော်သံနဲ့အတူဒေါသသံပါသွားသည်ကို အားလုံးက သတိထားလိုက်မိကြသဖြင့်
"မြရယ် သူတို့ကကလေးတွေမှ မဟုတ်ကြတာ သွားချင်တယ်ဆို လွှတ်လိုက်ပါ ၊ ပြသနာမဖြစ်ကြပါနဲ့ဟယ်" မမလွင်မှ ကြားထဲက ဝင်ပြောလိုက်သည်။

ဒေါက်တာက ဘာမှမပြောပဲ အရင်ထထွက်သွားသည်။
ကျွန်မတို့ကြားထဲ ကျွန်မဘက်ကစတဲ့ တစ်ဖက်သတ်ရန်ပွဲသေးသေးလေးကနေ တဖြည်းဖြည်းကြီးလာတေ့ာမှာ စိုးရိမ်မိပါတယ်။ စဉ်းစားနေတုန်း ဖုန်းမှစာဝင်လာသဖြင့် ကြည့်လိုက်ရာ ဒေါက်တာဆီမှ ဖြစ်နေသည်။
"မင်းက တို့စေတနာကို စော်ကားလိုက်တာပဲ ၊ ပိုဆိုးတာကလေ လူတွေရှေ့မှာ တို့ကိုအော်လိုက်တာပဲ"
" ဒေါက်တာက နှင်းကို ဘယ်တုန်းက ဘာစေတနာတွေများထားခဲ့လို့လဲ ၊ ဒေါက်တာထားတာ အဲ့ စု ဆိုတဲ့တစ်ယောက်ကိုပဲထားတာမလား၊ သူကြိုက်လို့ ရှမ်းခေါက်ဆွဲတွေတောင် မအားတဲ့ကြားက ခဏခဏလုပ်ကျွေးခဲ့ရတာ ပင်ပန်းနေရှာမှာပေါ့"
"ဘာလို့မဆိုင်တဲ့သူကို ဆွဲထည့်နေပြန်ရတာလဲ"
"ဒေါက်တာက သူ့ကိုထိလို့နာနေတာမလား ၊ မုန်းတယ် အရမ်းဒေါက်တာ့ကို"

ကျွန်မလည်း စိတ်ညစ်ညစ်နဲ့ အောက်လည်းမဆင်းတော့ဘဲ သဇင်တို့ကို အဖော်စပ်ကာ ဆိုဂျူသွားဝယ်ပြီး ထိုင်သောက်မိနေတော့တယ်။ ဆိုဂျူသောက်ရင် တစ်ပုလင်းလောက်နဲ့ မှောက်တတ်တဲ့ကျွန်မဟာ သူနဲ့အဆင်မပြေလို့ သုံးပုလင်းနဲ့ တစ်ထ်ိုင်ထဲသောက်နေတဲ့ ကျွန်မကို ဇင်ရော ထက်ရော မျက်လုံးတွေပြူးနေကြပြီး ဆက်မသောက်တော့ပဲ ရပ်ဖို့ဝိုင်းပြောနေကြတော့သည်။ ဒီကြားထဲကျွန်မက မူးပြီးငိုနေသဖြင့် သူတို့အတော်ထိန််းနေရပြီး အခန်းတံခါးပွင့်လာကာ ဘာဖြစ်နေကြတာလဲလို့ ပြောလိုက်တဲ့ ဒေါက်တာ့အသံ ကြားပြီးတဲ့အထိ မှတ်မိလိုက်ပြီး ကျန်တာဘာတွေဆက်ဖြစ်သွားလဲ ကျွန်မလည်းမမှတ်မ်ိတော့ပါ။
————————
14.4
ကျွန်မမျက်လုံးနှစ်လုံးဖွင့်လိုက်တာနဲ့ ခေါင်းကတရှိန်ထိုး ကိုက်တတ်လာသဖြင့် ခေါင်းနှစ်ဖက်ကို လက်နဲ့ဖိထားပြီး "ဇင်ရေ ငါခေါင်းအရမ်းကိုက်နေလို့ ကယ်ပါအုံး"
"ဘယ်လိုကယ်ပေးရမလဲ ဇက်ပိုးလေးကိုအုပ်ပြီး ကယ်ရမှာလား"
"ဟင် ဒေါက်တာက ဘယ်လိုရောက်နေတာလဲ"
"ရှင်လေးကို ကျွန်မ မစောင့်ပေးရင် ဘယ်သူကစောင့်ပေးမှာ နိုးလာတဲ့အချိန်ကကြည့်အုံး ၁၁ နာရီ၊ သူတို့တွေက သွားလည်နေကြပြီ ၊ ညကလည်း အန်လိုက်တာပြောမနေနဲ့"
"အက်တာတွေအကုန်လုံး ဒေါက်တာ့ကြောင့်လေ ၊ ဒေါက်တာကြောင့် သမီးနှလုံးသားလေးက နာကျင်ခံစားသွားရတာ၊ အက် စု လား သူနဲ့ ဒေါက်တာရဲ့ ပတ်သက်မှုကို သိချင်တာ"
"အက်တာတွေ ခဏနေရင်ပြောပြမယ် ဟုတ်ပြီလား၊ အခု အမူးပြေဟင်းရည်လေး တို့ကိုယ်တိုင်လုပ်ပေးထားတယ် ၊ သောက်လိုက်နော် ၊ ယူလာပေးမယ်"

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now