Part - 8

1.4K 94 1
                                    

"ဒေါက်တာ နှင်းကို မင်း မင်းနဲ့ မခေါ်ပဲ နှင်း လို့ ခေါ်ပေးလို့ရလား ၊ မင်း လို့ခေါ်တာချည်းက နှင်းအတွက် သူစိမ်းဆန်နေသလို ခံစားနေရလို့ပါ အကယ်၍ ဒေါက်တာကသာ နှင်းကို ရင်နှီးနေတယ်ဆို နှင်း လို့ ခေါ်ပေးလို့ရမလား''

ဒေါက်တာက တစ်ခုခုကို ဝမ်းနည်းသလို ဖြစ်သွားကာ
"တို့ မင်းကို မဟုတ်ပါဘူး နှင်းကို မုန်းလို့ မရင်နှီးလို့ မင်း လို့ သုံးနှုန်းခဲ့တာမဟုတ်ပါဘူး တို့ အကျင့်ဖြစ်နေလို့ပါ ... နှင်းကို တို့စတွေ့ကတည်းက ကလေးတစ်ယောက်လို မြင်ခဲ့လို့ နှင်းကို ကလေးမ ကလေးမ လို့ လည်း ခေါ်နေခဲ့တာပါ ... နှင်းကို ဆေးရုံက တို့အခန်းထဲ စဝင်လာတော့မှ တွေ့ဖူးတာမဟုတ်ဘူး .. အဲ့နေ့ နှင်းတို့ သားအမိ ဆေးရုံမဝင်ခင်က ရန်ကင်းစင်တာကို ဝင်ခဲ့ကြသေးတယ်မလား"

"ဟုတ်တယ် ဒေါက်တာ ... ဒေါက်တာက ဘယ်လိုသိတာ'' ကျွန်မလည်း အံ့ဩစွာဖြင့် မေးမိလိုက်သည်။

"အဲ့နေ့က တို့လည်း ရန်ကင်းစင်တာကို ခဏဝင်ပြီး ကားပါကင်မှာ ဖုန်းလာလို့ ကားမထွက်သေးပဲ ဖုန်းပြောနေတုန်း နှင်းက နှင်းမေမေနဲ့ လက်ချင်းတွဲပြီး စင်တာက ထွက်လာတာကို တို့က ဒီအတိုင်းတွေ့လိုက်ပြီး ခဏအကြာလည်းကျရော နှင်းက အမေ့လက်ကို လွှတ်ပြီး ပါကင်ရှေ့မှာ ရောင်းတဲ့ အာတာပူစီမုန့်ကို ပြေးသွားသလိုလို ခုန်သွားသလိုလို ပြေးခုန်လိုလို လုပ်ပြီး သွားဝယ်တာ ...တို့ တွေ့လိုက်တာ.... တစ်ကယ့်ကို ကလေးလေးအတိုင်းပဲ ... ဝယ်ပြီးပြန်လာတော့လည်း ကလေးတစ်ယောက် လိုချင်တာရလို့ ပျော်ပြီးပြန်လာတဲ့ ပုံစံမျိုးနဲ့ ပြန်လာတာ တို့အဲ့မြင်ကွင်းကို မျက်လုံးထဲက မထွက်ဘူး အရမ်းအပြစ်ကင်းစင်တယ် ... အဲ့ဖြစ်စဉ်ကို မြင်ထားတဲ့ တို့က နှင်းကို ကလေးတစ်ယောက်လိုပဲ မြင်နေတာ ... နှင်းကလေ ကလေးစိတ်နဲ့ လူကြီးလို လုပ်နေတာလေ အတင်း လူကြီးယောင်ဆောင်နေတဲ့ နှင်းလေး" တဲ့ ကျွန်မကို အားရပါးရခေါ်လိုက်တဲ့ ဒေါက်တာက ဘယ်လောက်များ ချစ်ဖို့ကောင်းလိုက်သလဲ မျက်နှာကို အစွမ်းကုန်ပြုံးပြီး ပြောနေတာများ ပြေးပြီးအနမ်းပေးချင်စရာ

ကျွန်မကို စတွေ့တဲ့ အချိန်ကာလတစ်ခုရဲ့ အဖြစ်အပျက်ကို သေချာစွာပြောပြနေတဲ့ သူမ ... သူမပြောနေတာတွေကို ကျေကျေနပ်နပ်ကြီး နားထောင်နေတဲ့ ကျွန်မ ..... သေချာတာတစ်ခုကတော့ ကျွန်မ ဒေါက်တာ့ကို ချစ်မိသွားပြီ

"ကျေးဇူးတင်ပါတယ် ဒေါက်တာရယ် နှင်းကို စတွေ့တဲ့ ပုံရိပ်လေးကို သေချာလေးမှတ်ထားပေးလို့ ဒါနဲ့များ ဒေါက်တာက နှင်းကို ဖုန်းသံမြည်လာတာကို ဘာလို့ဆူတာ" ကျွန်မလည်း နှုတ်ခမ်းကိုခပ်ဆူဆူလေးထားကာ ရန်တွေ့လိုက်တော့သည်

"အက်တာက တို့ဆေးကုခန်းထဲမှာ ဆူညံရင် တို့သိပ်မုန်းတာ .. အက်တာကြောင့် အဲ့နေ့တုန်းက ဖုန်းသံမြည်လာတော့ တို့မင်းဆိုတာ အဲ နှင်းဆိုတာ မေ့ပြီး ခပ်ဆတ်ဆတ်ဆူလိုက်မိတာ ကလေးရယ်" ဆိုပြီး သူမထိုင်ခုံပေါ်ကနေ လှမ်းပြီး ကျွန်မခေါင်းလေးကို လှမ်းပွတ်ပေးရင်း ပြောနေရှာသည် ။
အိုး.... ဒီလိုအပြုအမူလေးတွေကို နှင်း သိပ်ချစ်တာပဲ ဒေါက်တာရယ် .....

ကျွန်မတို့ စားသောက်ပြီးသော် ဒေါက်တာက ကျွန်မ အိမ်အထိပြန်လိုက်ပို့ပေးရင်း လမ်းတစ်လျှောက် ဘာစကားမှ မပြောဖြစ်ကြ ... ကျွန်မ စိတ်ထဲမှာတော့ ဒေါက်တာ့အကြောင်းတွေကို ပိုသိချင်မိသည် ... ကျွန်မသိထားတဲ့ ဒေါက်တာအကြောင်းတွေက ဒေါက်တာမှာ မောင်နှမမရှိဘူး မိဘနှစ်ပါးရယ် ဒေါက်တာရယ် ဒေါက်တာ့ တူမဝမ်းကွဲလေး တစ်ယောက် ရယ် နှင့်သာ အတူတူနေကြသည်ဟု သိရသည် ၊ ဒေါက်တာ့ မှာ ချစ်သူကောရှိနေလား ၊ မရှိနေလား ဆိုတာ ကျွန်မ
သိပ်သိချင်မိသည်။ သို့သော် ကျွန်မမေးဖို့ သတ္တိရှိမနေခဲ့ပါ ... ထိုစဉ် FM မှ လာနေသော သီချင်းက ....
နီနီခင်ဇော်ရဲ့ အချစ်ရဆုံးသူစိမ်း .....

ဒေါက်တာက ချက်ချင်းပင် " နှင်းမှာကော အချစ်ရဆုံး သူစိမ်း ရှိလားတဲ့" ကျွန်မကလည်း ချက်ချင်းဆိုတော့ ဘာက်ိုဆိုလိုလဲ မသိသဖြင့်
" ချစ်သူကို မေးတာလား ဒေါက်တာ"
" ဒါပေါ့ နှင်းရဲ့ တို့ကိုမပြောပြချင်လို့လား"
" မဟုတ်ပါဘူး ဒေါက်တာရယ် ၊ နှင်း အရင်တုန်းကတော့ ကောင်လေး တစ်ယောက် နှစ်ယောက်နဲ့ တွဲဖူးပါတယ် နှင်း သူတို့နဲ့ အဆင်မပြေဘူး အဓိကပြသနာကတော့ နှင်း သူတို့ကို မချစ်နိုင်တာပဲ တွဲတာကြာလာရင် ချစ်လာလိမ့်မယ်ဆိုတဲ့ သူငယ်ချင်းတွေ စကားကြောင့် နှင်း သူတို့ကိုအဖြေပေးခဲ့ပေမယ့် တစ်ကယ်တမ်းကျ နှင်း ချစ်မလာဘူး ၊ နှင်း အတွက်ဝန်ထုတ်ဝန်ပိုး ကြီးသာ ဖြစ်ရတာ အဖတ်တင်တယ်''
" ဒါဆို နှင်းက မချစ်တတ်သေးဘူးပေါ့"

" အဲ့လိုပဲ ဆိုရမလားမသိပါဘူး ဒေါက်တာရယ် ၊ အချစ်စစ်ကို ရှာဖွေနေလျက်ပေါ့" ဟု ကျွန်မ ရယ်ပြီးဆိုလိုက်သောအခါ သူမက ကျွန်မက်ို တစ်ချက်ကြည့်ပြီး
" နှင်းက ရယ်လိုက်ရင် တစ်ကယ့်အပြစ်ကင်းစင်တဲ့ ကလေးလေးအတိုင်းပဲ ၊ သိပ်ချစ်ဖို့ကောင်းတယ်" ဆိုရင်း ကျွန်မပါးလေးကို လာညှစ်နေပြန်ရော .... ကျွန်မချက်ချင်းဆိုသလို ရင်တွေတဒိန်းဒိန်းခုန်လာတာ ပြောမနေပါနဲ့တော့ ....

အပိုင်းသစ်မျှော် ___________

ဘုရားကပေးတဲ့ ဆုလာဘ်Where stories live. Discover now