Ep 16

447 64 11
                                    

Unicode

တက်ကြွမှုတို့ ပျောက်ဆုံးလာခဲ့ရင်း တဖြည်းဖြည်းတိတ်ဆိတ်ကာ ငြိမ်သက်လာသည်။မျှော်လင့်ချက်ရောင်ခြည်တို့ တစ်စတစ်စ လျော့နည်းလာတဲ့အခါ နေရတဲ့ဘဝဟာ အဓိပ္ပါယ်မရှိသလို ခံစားလာရသည်။

ကတောက်ကဆအသေးလေးကနေ ရက်ကြာခဲ့ပြီး ဖေဖေနဲ့တွေ့ဖို့လည်း ကြံကြာနေသလို လိုချင်သော တန်ပြန်မေတ္တာသည်လည်း အပိုင်းအစပင် စွန့်ကြဲခြင်းမခံရ။မကောင်းတတ်လို့၊တာဝန်ကြောက့်ဆိုတဲ့ အရာနဲ့ ဂရုစိုက်ပေးနေခြင်းကိုလည်း မလိုချင်တော့။

လက်ဆက်နေသည့်ပန်းပေါင်းစုံရနံ့က စိတ်ခံစားချက်ကို ကုသပေးနေသည်။ခုံတန်းရှည်လေးသည် အဖော်ကောင်းဖြစ်ခဲ့သလို လိပ်ပြာငယ်တို့သည်လည်း မိတ်ဆွေဖြစ်လာခဲ့သည်။

"နေလို့ သက်သာရဲ့လား ?"

ခြေသံသဲ့သဲ့ကို ကြားရသည့်အခါ မည်သူလဲဆိုတာ လှည့်မကြည့်တော့။မမြင်မတွေချင်တာမဟုတ်ဘဲ မစွန့်လွှတ်နိုင်မှာ စိုးတာ။ဂျောင်ကု ဒီကိုရောက်နေတာ ဖေဖေ့ကိုတွေ့ဖို့ပါပဲ။သို့သော် မတောင်းဆိုရဲ။တာဝန်ပြီးလျှင် ပြန်ပို့မှာမလား။မပြင်ဆင်နိုင်သေးချိန် ဒီရပ်ဝန်းမှာတော့ ဆက်နေချင်သေးသည်။

"နတ်သားမင်က ဂရုစိုက်ပေးလို့ တော်တော်သက်သာနေပြီ ~"

"နတ်သားမင် ?"

"အင်းလေ ~"

သံယောင်လိုက်မေးလာတဲ့အခါ အေးဆေးပဲ ခေါင်းညိတ်လိုက်သည်။ထိုအခါ ထိုင်နေတဲ့ ဂျောင်ကုရှေ့လာရပ်ပြီး ငုံ့ကြည့်လာသည့်အခါ အနေကျုံ့မိလိုက်သည်။

"ကိုယ်ကရော ? ကိုယ်လည်း ဂရုစိုက်ပေးတယ် မဟုတ်လား ?"

"အခု သဝန်တိုနေတာလား ?"

"မဖြစ်နိုင်တာ ~"

"မဟုတ်ဘူးဆိုလည်း မဟုတ်ဘူးပေါ့ ~"

တကယ်ပဲ လူကြီးကိုနားမလည်နိုင်တော့။ဂျောင်ကုဘက်က ရှောင်နေမိလျှင် ရှေ့ရောက်လာသည်။ထင်ယောင်ထင်မှားစကားတွေက ဂျောင်ကုကို တွေဝေစေသည်။နီးဖို့ကြိုးစားရင် အနောက်ဆုတ်သွားတတ်ပြီး ရောက်တဲ့နေရာရပ်နေပြန်လျှင် အနားရောက်လာတတ်သည်။ဂျောင်ကုက ဘာဆက်လုပ်ရမှာလဲ။

You've reached the end of published parts.

⏰ Last updated: May 06 ⏰

Add this story to your Library to get notified about new parts!

The KIMWhere stories live. Discover now