"ဟုတ်ကဲ့~"
မနက်အိပ်ယာထရေချိုးပြီးတဲ့ထယ်ယောင်းကို
ဂျောင်ကုက အင်္ကျီဝတ်ကူပေးနေပြီး
ပြောသမျှစကားကိုလဲနားထောင်ရတယ်။
"လာမယ့်လေးရက်နေ့မှာလုပ်မယ့်ဆုပေးပွဲကိုတက်ရမယ်လို့မန်နေဂျာပြောတယ် ဟုတ်သလား~"
"ဟုတ်တယ်ကိုကို ကလေးကအဲ့အတွက်စိတ်လှုပ်ရှားနေတာ~"
"အွန်း သရုပ်ဆောင်ဆုတော့ပေးဦးမှာမဟုတ်ဘူး
အလွန်ဆုံးရ ကြည့်ရှုသူအများဆုံးဆုလောက်ဘဲရမှာ~"
"မမှန်းရဲပါဘူးကိုကိုရယ် တစ်ခြားနာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ဇာတ်ကားတွေလဲရှိတာကို~"
"ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာဘဲ
အဓိကကကြိုးစားနေဖို့ဘဲ~"
"ကြိုးစားမှာပါ ကလေးလဲနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ချင်တယ်~"
"အင်း ကြိုးစား~"
"ဟုတ် မနက်စာစားရအောင်ကိုကို ကလေးပြင်ထားပြီးပြီ~"
"တော်ပြီမစားတော့ဘူး အိမ်ကိုသွားရဦးမှာ...ပြွတ်စ်~"
သူ့ကိုနမ်းပြီး အိမ်ထဲကထွက်သွားတဲ့ထယ်ယောင်းကြောင့်
ကျန်ခဲ့တဲ့ဂျောင်ကုမှာ မနက်စာစားရင်း
မျက်ရည်လေးဝဲသဲဝဲသဲ~
"သေချာစားဂျောင်ကု နေ့လယ်အလုပ်သွားရမှာ~"
"ဦးလေး ကိုကိုကလေ ကျွန်တော့်ကိုချစ်တာလား မချစ်တာလား~"
"ဦးလေးလဲမပြောတတ်ပါဘူးကွယ်
ceoကတစ်ချိန်တည်းနဲ့အမျိုးမျိုးသရုပ်ဆောင်နိုင်တာ~"
ထယ်ယောင်းကဘယ်လောက်ဘဲ
မကောင်းတဲ့သူဖြစ်ဖြစ် ဂျောင်ကုရဲ့အလုပ်ကိစ္စကို
သေချာတွက်ဆလုပ်ဆောင်ပေးတာမို့ ဆုပေးပွဲနေ့မှာ
ကြည့်ရှုသူအများဆုံးဆုနဲ့ နိုင်ငံခြားဝင်ငွေအကောင်းဆုံးဆုကိုရတဲ့ဂျောင်ကု~
"ကဒ်! Ok မထင်ထားရလောက်အောင်အရမ်းတော်တယ်~"
"ကျေးဇူးတင်ပါတယ်~"
လပိုင်းအတွင်းဇာတ်ကားသစ်ရိုက်ပြန်တဲ့ဂျောင်ကုက
စိတ်လှုပ်ရှားစရာဇာတ်ကြမ်းကားဖြစ်တာမို့
တော်တော်လေးကြိုးစားရကာ ထိခိုက်မှုအနည်းငယ်တွေကလဲရှိစမြဲဘဲ~
YOU ARE READING
~~Mask~~{Complete}