"အရုပ်လေးကချစ်စရာလေး ဟိဟိ~"
နာမည်ကြီးလာပြီဖြစ်တဲ့ဂျောင်ကုက
သူ့အတွက်ရထားတဲ့လက်ဆောင်တွေကို
တစ်ခုပြီးတစ်ခုဖောက်ကြည့်နေပြီး သဘောကျလို့မဆုံး~
"နောက်ထပ်ဇာတ်ကားရိုက်ဖို့ကမ်းလှမ်းထားတာတွေအများကြီးဘဲဂျောင်ကု ကြော်ငြာတွေရောဘဲ~"
"ကုမ္ပဏီကဘာပြောလဲဦးလေး~"
"သူတို့ကတော့ရိုက်စေချင်တာပေါ့ သူတို့ပိုက်ဆံရမှာကို~"
"အင်း ကျွန်တော်လဲရိုက်ချင်တယ် ဒါဘေမဲ့
ကိုကို့ကိုမေးရဦးမှာ ကိုကိုကရိုက်ဆိုတဲ့ဟာမှရိုက်ရမှာ
မဟုတ်ရင် ကိုကိုကစိတ်ဆိုးမှာ~"
"အဲ့တာတော့ဟုတ်တယ် ညနေလာရင်ဦးလေးတင်ပြလိုက်မယ် ဂျောင်ကုလဲပြောပေါ့~"
"ဟုတ်ကဲ့~"
ပထမခြေလှမ်းကအောင်မြင်သွားပြီဖြစ်လို့
ပျော်မဆုံးဖြစ်နေတဲ့ဂျောင်ကုက ညနေထယ်ယောင်းလာချိန်မှာ ပျော်ရွှင်စွာပြေးဖက်လေပြီ~
"ကိုကို ပင်ပန်းနေပြီလားဟင်~"
"ဖယ်စမ်းပါ ပူအိုက်ရတဲ့အထဲ~"
"ကလေးအပေါ်ဝတ်အင်္ကျီချွတ်ပေးမယ်~"
ဂျောင်ကုက မျက်နှာချုံ့မဲ့နေတဲ့ထယ်ယောင်းရဲ့
coatအင်္ကျီကိုချွတ်ပေးပြီး
ဧည့်ခန်းမှာထိုင်စေကာ သံပုရာရည်လေးဖျော်ပေးလေရဲ့~
"သောက်လိုက်ကိုကို အဲ့တာမှအမောပြေသွားမှာ~"
"ပြောစရာရှိရင်ပြော~"
"ကလေးလေ ဒီနေ့ အနုပညာကြေးရတယ်
ပြီးတော့ ကလေးကြီးခဲ့တဲ့ဂေဟာမှာအလှူသွားလုပ်ခဲ့တယ်~"
"အွန်း~"
"နောက်ထပ်ဇာတ်ကားတွေရိုက်ဖို့လဲ
ကမ်းလှမ်းခံရတယ်ကိုကို ဒါဘေမဲ့
ကိုကိုရိုက်ခိုင်းတဲ့ဟာမှ ကလေးကရိုက်မှာ~"
"ကမ်းလှမ်းထားတဲ့ရိုက်ကူးရေးစာရင်းလာပြကြည့်~"
"ဟုတ်ကဲ့ ဒီမှာပါ~"
မန်နေဂျာပေးတဲ့စားရင်းစာရွက်ကိုထယ်ယောင်းက
သေသေချာချာကြည့်ပေးနေတော့
ဂျောင်ကုလဲရင်ခုန်စွာနဲ့စောင့်နေတာပေါ့~
YOU ARE READING
~~Mask~~{Complete}