"အဲ့တာဆိုကလေးရေသွားချိုးဉီးမယ်နော်~"

ပြောပြီးတာနဲ့ဂျောင်ကုက ရေသွားချိုးပြီးပြန်လာတော့
ထယ်ယောင်းကအိပ်ပျော်နေပြီမို့
အသာလေးရင်ခွင်ထဲတိုးဝင်ကာ ထယ်ယောင်းနှုတ်ခမ်းကိုဖိနမ်းလိုက်တယ်။

"ချစ်တယ်ကိုကို အိပ်မက်လှလှမက်ပါစေ~"

ထယ်ယောင်းကိုအရမ်းချစ်တဲ့ဂျောင်ကုက
သူ့အပေါ်ထယ်ယောင်းဘယ်လိုဆက်ဆံဆက်ဆံ
ကိုကိုကငါ့ကိုချစ်ပါတယ်ဆိုတဲ့အတွေးနဲ့ရှေ့ဆက်နေတာ~

"ကလေးလုပ်ပေးမယ်ကိုကို~"

"အင်း~နောက်ရိုက်မယ့်ဇာတ်ကားအတွက်
ခန္ဓာကိုယ်ကိုကြံခိုင်အောင်ကျင့်ထားနော် ဒီခန္ဓာကိုယ်နဲ့အဆင်မပြေဘူး~"

"ဟုတ်ကဲ့~"

မနက်အိပ်ယာထရေချိုးပြီးတဲ့ထယ်ယောင်းကို
ဂျောင်ကုက အင်္ကျီဝတ်ကူပေးနေပြီး
ပြောသမျှစကားကိုလဲနားထောင်ရတယ်။

"လာမယ့်လေးရက်နေ့မှာလုပ်မယ့်ဆုပေးပွဲကိုတက်ရမယ်လို့မန်နေဂျာပြောတယ် ဟုတ်သလား~"

"ဟုတ်တယ်ကိုကို ကလေးကအဲ့အတွက်စိတ်လှုပ်ရှားနေတာ~"

"အွန်း သရုပ်ဆောင်ဆုတော့ပေးဉီးမှာမဟုတ်ဘူး
အလွန်ဆုံးရ ကြည့်ရှုသူအများဆုံးဆုလောက်ဘဲရမှာ~"

"မမှန်းရဲပါဘူးကိုကိုရယ် တစ်ခြားနာမည်ကြီးမင်းသားမင်းသမီးတွေရဲ့ဇာတ်ကားတွေလဲရှိတာကို~"

"ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တာဘဲ
အဓိကကကြိုးစားနေဖို့ဘဲ~"

"ကြိုးစားမှာပါ ကလေးလဲနာမည်ကြီးမင်းသားတစ်ယောက်ဖြစ်ချင်တယ်~"

"အင်း ကြိုးစား~"

"ဟုတ် မနက်စာစားရအောင်ကိုကို ကလေးပြင်ထားပြီးပြီ~"

"တော်ပြီမစားတော့ဘူး အိမ်ကိုသွားရဉီးမှာ...ပြွတ်စ်~"

သူ့ကိုနမ်းပြီး အိမ်ထဲကထွက်သွားတဲ့ထယ်ယောင်းကြောင့်
ကျန်ခဲ့တဲ့ဂျောင်ကုမှာ မနက်စာစားရင်း
မျက်ရည်လေးဝဲသဲဝဲသဲ~

"သေချာစားဂျောင်ကု နေ့လယ်အလုပ်သွားရမှာ~"

"ဉီးလေး ကိုကိုကလေ ကျွန်တော့်ကိုချစ်တာလား မချစ်တာလား~"

~~Mask~~{Complete}Tempat cerita menjadi hidup. Temukan sekarang