တေးသွားသီငှက်ငယ် -အပိုင်း၂

Start from the beginning
                                    

"အတော်လှတဲ့ ဆရာမပါလား။ မျက်လုံးလေးတွေကလည်း ကြည်လို့။ သို့သော် စူးရှ၍ ထက်မြက်သော အမျိုးသမီးဖြစ်ဟန်တူသည်။" ဝေတွေးနေစဉ် "တော်တယ်သမီးလေး sit down" ဟု ဆရာမကပြောလာသည်။ ဝေအမြန်ထိုင်ချလိုက်ပါသည်။
🍁☘️🍁☘️

ဝေတစ်ယောက် "မိဝေ" ဟု‌အခေါ်ခံရသဖြင့် မအီမလည် ခံစားလိုက်ရသည်။ ဝေ့ကို ထိုသို့ခေါ်သည်ကို ဝေသဘောမကျပါ။ သက်လွင်ကိုလည်း ထိုသို့‌မခေါ်ဖို့ ခဏခဏပြောခဲ့သည်။ ထို့ကြောင့် ဝေစိတ်ကြည်နေ၍ ဝေ့ကိုအင်မတန်စချင်သည့်အချိန်မှ သက်လွင်က ထို့သို့ခေါ်၍ စလေသည်။ ယခု ‌နောက်ထပ်တစ်ယောက်က ခေါ်ပြန်သည်။ ဝေတို့ချင်း တစ်ခါမှ မမြင်ဖူး မသိကျွမ်းခဲ့ဖူးပါ။ ဆရာမက ဝေ့ကို သိသည်ထင်သည်။

အတန်းချိန်ပြီးသွားပြီဖြစ်သော်လည်း ဝေ့ဆရာမသည် အဝေးမရောက်လောက်သေးပါ။ ဝေသည် အတန်းအပြင်သို့ ရုတ်တရက်ပြေးထွက်လိုက်သည်။ ရုတ်တရက်မို့ သက်လွင်က ဆတ်ကနဲ လန့်ကာတုန်သွားသည်။
" ဘယ်လဲ ဝေဝေ။ Toilet ဆိုငါ့လည်း ခေါ်လေ" သက်လွင်အော်၍ ပြောလိုက်သည်။
" ဘယ်မှမဟုတ်ဘူး ။မလိုက်နဲ့" ဝေကလှည့်မကြည့်ဘဲပြန်အော်လိုက်သည်။

ဟိုးရှေ့က ယိမ်းနွဲ့ကာ လျှောက်နေသောသူသည် ဆရာမဖြစ်မည်။ ဆရာနားနေခန်း‌ဘက်သို့ ရှေးရှုလျှောက်နေသောပုံရိပ်နောက်သို့ ဝေအပြေးလိုက်သည်။ ရောက်ပြီ။ အမေတကောနှင့်ဝေ ဆရာမဘေးသို့ ရောက်လာခဲ့သည်။ ဆရာမကလှည့်ကြည်သည်။

" ဆရာမ သမီးကို သိတယ်လားဟင်" ဝေရှက်ရွံစွာ မေးမိသည်။
"ဟင် မင်းက အစောကဆရာမစာမေးလိုက်တဲ့ မိဝေဆိုတာလေ "ဆရာမက မျက်မှောင်ကြုံ့၍ပြောသည်။
"ဟုတ် ဆရာမက သမီးနာမည်ကိုသိနေလို့လေ မိဝေ ဆိုပြီးခေါ်လိုက်လို့လေ" ဝေမျက်နှာက ငယ်သထက်ငယ်လာသည်။
"ဪ အဟင်း ဆရာမက အတန်းထဲဝင်ဝင်ချင်း တုန်းက မိဝေဆိုပြီး အော်သံကြားလိုက်လို့လေ။ လူကိုမသိပါဘူး။သမီးက ရောဆရာမကို သိတယ်လား" ဆရာမက ပြုံး၍မေးသည်။
"မသိပါဘူး ဆရာမ" ဝေ့မျက်နှာလေးလည်း ပြန်ပြုံးလာခဲ့သည်။
"ဒါဆိုသမီးကို ခွင့်ပြုပါဦးရှင့်"ဝေ့အပြောကို ဆရာမက ခေါင်းညိမ့်ပြသဖြင့်  ဝေခေါင်းကုတ်ကာ ရှက်ရမ်းရမ်း၍ ပြန်လာခဲ့သည်။ ထို့နောက် နှစ်ဦးသားအပြုံးကိုယ်စီဖြင့် တစ်နေ့တာကို ဖြတ်သန်းကြတော့၏။ ဝေကတော့ သက်လွင်ဆီမှ အရူးဟု အပြောခံလိုက်ရပါသေးသည်။

"အရာရာကို စိတ်အေးအေးဖြေရှင်းတတ်တဲ့ မိဝေ။ နင်စာလုပ်ရလွန်းလို့ ရူးသွားတာလား" သက်လွင်စကားကို ‌ဝေတစ်ယောက်မျက်စောင်း ထိုး၍ "အဲ့တာနင့်ကြောင့်လေ ငါ့ကိုအဲ့လိုမခေါ်နဲ့လို့ ပြော‌ထားတာကို " ။သို့သော် ဝေရယ်မောနေပါသည်။ ရင်ဘတ်သည်လည်း ပုံမှန်ထက်ပိုမို ခုန်ပေါက်၍ မောနေသည်။ ဝေပြေးခဲ့ရသည်ကိုး။
☘️🍁☘️🍁

16 April, 2024
Loonbby

တေးသွားသီငှက်ငယ်Where stories live. Discover now