အပိုင်း ၁

41 4 0
                                    

#Unicode

"သားရေ..အောက်မှာ သားသူငယ်ချင်းတွေ..ရောက်နေပြီနော်"

အခန်းတံခါးကို နှစ်ချက်ခေါက်ပြီးသည်နှင့် ထွက်ပေါ်လာသော အမေဖြစ်သူ၏အသံကြောင့် လွယ်အိတ်ထဲတွင် လိုအပ်သည့်ပစ္စည်းများ သေချာပါမပါ စစ်နေရာကနေ ခဏနေလာခဲ့မည်ဖြစ်ကြောင်း ရှိန်းမင်းထက်ယံ ပြန်ပြောလိုက်သည်။

အကြိမ်၂၀မြောက်စစ်ဆေးခြင်း ပြီးမြောက်ပြီးနောက် ပူ‌အိုက်လွန်းသဖြင့် ချွတ်ထားသော အပေါ်ထပ်အင်္ကျီကို အမြန်ကောက်စွပ်လိုက်ကာ လွယ်အိတ်ကို လက်မှဆွဲပြီး အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။

ယခုကာလသည် ပူပြင်းလှသည့် နွေရာသီဖြစ်သည့်အပြင် နွေရာသီထဲမှာမှ အပူဆုံးလများ၏အစဖြစ်သည့် Aprilလလည်းဖြစ်သည်။ထိုကြောင့် ရှေးခေတ်လူကြီးများက အမြော်အမြင်ရှိစွာဖြင့် ပူလွန်းလှသည့် ဤဥတု၌ အပူသက်သာစေ‌ရန်အတွက် အချင်းချင်း ရေပတ်ကြသည့်ကစားနည်းကို စတင်ခဲ့ခြင်းဖြစ်သည်ဟု သူကြားဖူး၏။

ခေတ်အဆက်ဆက် ရိုးရာအဖြစ် လက်ဆင့်ကမ်းလာခဲ့ရာ၊ ဆော့ကစားသူများသာ ပြောင်းလဲသွားသော်လည်း ရိုးရာများနှင့် စားဖွယ်များကတော့ ပြောင်းလဲခြင်းမရှိပေ။
ဥပမာ - မုန့်လုံးရေပေါ်ကဲ့သို့ဖြစ်သည်။

မုန့်လုံးရေပေါ်ကိုမစားရပါက သင်္ကြန်ကို အောင်အောင်မြင်မြင် မဆင်နွဲလိုက်ရဘူးဟူ၍ပင် ပြော၍ရပါ၏။

ပူအိုက်သည့် Aprilလထဲမှ တစ်ခုတည်းသော ပျော်ရွှင်စရာဖြစ်သည့် သင်္ကြန်အချိန်ကာ‌လလေးဖြစ်သည့်အတွက် သင်္ကြန်မရောက်မီအချိန်ကပင် လူငယ်များက လျှောက်လည်ရန် အစီအစဉ်ဆွဲကြပြီးပြီဖြစ်သလို၊ သက်ကြီးရွယ်အိုများကလည်း တရားစခန်း ဝင်မည်ဖြစ်တာကြောင့် စာရင်းသွားပေးသည့်လူက သွားပေး၊အိမ်မှာပဲ နေကြမည့်လူများက မုန့်မျိုးစုံ လုပ်စားရန်အတွက် လိုအပ်သည့် ပစ္စည်းများကို သွားဝယ်နေကြဖြင့် အားလပ်သည်ဟုပင် မရှိကြချေ။

သို့သော် သင်္ကြန်အချိန်အခါ စတင်သည့်အချိန်သို့ ရောက်ရှိပါက ပင်ပန်းမှုများကို သတိမရနိုင်တော့မည်အထိ ပျော်ရွှင်ရမှာကြောင့် ယခုအချိန်၌ အလုပ်ရှုပ်ထားခြင်းက ပို၍ကောင်းပေလိမ့်မည်။

ဤသင်္ကြန်မှစ၍ {Completed}Where stories live. Discover now