ယနေ့ နောက်ခုံ၌ နှစ်ကြိမ်လိုက်စီးပြီးသည့်နောက်တွင်တော့ အံ့ဩဖွယ်ကောင်းစွာပင် အင်မတန်သဘောတွေ့သွားခဲ့၏။

Luggage ကို အိမ်မှ ကျောင်းသို့ ပြန်သယ်သွားခဲ့သည်နှင့်ယှဉ်ပါက ယခု နောက်ခုံတွင် ထိုင်လိုက်ရသည်မှာ သူ့အား များစွာပို၍ စိတ်လက်ပေါ့ပါးစေသည်။

ဗိုက်တင်းနေ၍လည်း ဖြစ်နိုင်သည်။ အကြောင်းအရာတို့က ပြန်အဖက်ဆယ်၍မရတော့၍လည်း ဖြစ်နိုင်သည်။

သူ ပြတ်ပြတ်သားသားမကိုင်တွယ်နိုင်သော ဖုန်းကောတစ်ခုကို တင်းကျိက ရုတ်တရက်ချပစ်လိုက်၍လည်း ဖြစ်နိုင်သည်။

တင်းကျိက အရှိန်မြန်မြန်နှင့် မောင်းနှင်နေသည်။ သူ့တီရှပ်က လေတိုးကာ ဖောင်းနေ၏။

လင်ဝူယွီက သူ့တီရှပ်ကို ဆွဲချလိုက်သည်။

လက်လွှတ်လိုက်သည်နှင့် တီရှပ်က ပြန်ဖောင်းလာပြန်၏။

ပြန်ဆွဲချလိုက်၊ ပြန်ဖောင်းလာလိုက်နှင့်။

“မင်း OCD တွေ ဘာတွေများ ရှိနေတာလား”

တင်းကျိက မေးလိုက်သည်။

“မရှိပါဘူး”

လင်ဝူယွီက သည်တစ်ကြိမ်တွင်တော့ ပြန်မလွှတ်လိုက်တော့ပေ။

“မင်းအင်္ကျီက ငါ့မျက်နှာ တက်အုပ်တော့မယ်”

“မညစ်ပတ်ပါဘူး”

တင်းကျိက ဆို၏။

“ငါလဲ ညစ်ပတ်တယ်လို့ မပြောပါဘူး”

လင်ဝူယွီသည် သူ့ဘောင်းဘီခါးစည်းစကို ဆွဲ၍ အင်္ကျီအောက်နားစကို ထိုးထည့်လိုက်သည်။

“မင်းဘာလုပ်တာလဲ”

တင်းကျိက ဘရိတ်ဆွဲကာ နောက်သို့ သတိတကြီးလှည့်ကြည့်လိုက်၏။

လင်ဝူယွီက လက်မြှောက်ပြလိုက်ပြီး မည်သို့မှ မဆို။

“မင်း တခြားသူဆီက ရေယူသောက်ခဲ့တုန်းကတောင် ဒီလောက်ဇီဇာမကြောင်ခဲ့ဘဲနဲ့”

တင်းကျိက မျက်မှောင်ကြုတ်လိုက်ပြီး သူ့အင်္ကျီအောက်နားစကို ဘောင်းဘီထဲ ထည့်လိုက်သည်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Tahanan ng mga kuwento. Tumuklas ngayon