Chapter 9

217 37 4
                                    

|| Unicode ||

အပိုင်း ၉ – မလိုအပ်တဲ့သူ ဖြစ်နေရုံလေး

အိမ်ပြန်လမ်းက ဝေးလှသည်ရယ်တော့ မဟုတ်။ သို့သော်လည်း လင်ဝူယွီကတော့ အများသုံးစက်ဘီးကို စကန်ဖတ်လိုက်သေးဆဲပင်။

“ဒီနေ့ မင်းအဖေ ကျောင်းမှာ ငါ့ကို လာတွေ့ပြီး မေးသွားတယ်… ခေါင်မိုးထပ်က အော်ပြောခဲ့တဲ့ကိစ္စ”

လေက ဖုန်နံ့တို့ သယ်ဆောင်လျက် လင်ဝူယွီ၏ နားရွက်တို့ကို ဖြတ်တိုးတိုက်ခတ်သွားသည်။

“သူက ဘာလို့ ကျွန်တော့်ဆီပဲ တန်းမလာတာလဲ”

“ဖြစ်နိုင်တာတော့… မင်းရဲ့ စာလေ့လာမှုကို ‌အနှောင့်အယှက်ဖြစ်စေမှာ စိုးလို့။ ငါလဲ အဲကိစ္စကို စိတ်ပူပါတယ်။ ဒါပေမဲ့ မင်းရဲ့စိတ်ဓာတ်နဲ့ ငါ မင်းကို ပြောပြသင့်တယ်လို့ပဲ ခံစားရတယ်…”

အိမ်အောက်သို့ ရောက်တော့ လင်ဝူယွီ မော့ကြည့်လိုက်သည်။ အိမ်ထဲ မီးများ ထွန်းထားသေးဆဲ။

“တကယ်လို့ ကျွန်တော်စာလုပ်တာကို အနှောင့်အယှက်ဖြစ်စေမှာ စိုးတယ်သာဆိုရင် ‌တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြီးတဲ့အထိ စောင့်လိုက်သင့်တာပေါ့။ ဆရာသာ ကျွန်တော့်ကို မပြောပြရင် သူက ချန်မန်ကို သွားရှာမယ်၊ ကျွန်တော့်ရဲ့ တခြားအတန်းဖော်တွေကို သွားရှာမယ်… ကျွန်တော် သူတို့နှစ်ယောက်ကို သေချာသိတယ်။ သူတို့ ကျွန်တော့်ကို သိစေချင်တာမှန်း သေချာပေါက် သိပြီးသား။ သူတို့ပါးစပ်က ကိုယ်တိုင် ထုတ်မပြောချင်တာ”

“ငါ သူတို့နဲ့ အရင်ပြောထားနှင့်လိုက်ရမလား တက္ကသိုလ်ဝင်ခွင့်စာမေးပွဲပြီးတဲ့အထိ စောင့်ပြီးမှ ထပ်ပြောဖို့ကိုလေ”

လင်ဝူယွီက ကော်ရစ်တာထဲ လျှောက်လာခဲ့ပြီး ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်သည်။

“မလိုဘူး။ ကျွန်တော့်မှာ ပြဿနာတွေကို ရှောင်တတ်တဲ့ အကျင့်ရှိဘူး။ ဖြေရှင်းလို့ရတဲ့ကိစ္စဆို ချက်ချင်း ဖြေရှင်းလိုက်ရမှ”

ပြီးလျှင် ဤကိစ္စမှာ ရေးကြီးခွင်ကျယ်ကိစ္စတစ်ခုအဖြစ် သတ်မှတ်ရမည့် ကိစ္စမျိုးလည်း မဟုတ်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Hikayelerin yaşadığı yer. Şimdi keşfedin