Chapter 7

153 29 0
                                    

|| Unicode ||

အပိုင်း ၇ - “လူဆိုတာ ရောင့်ရဲတင့်တိမ်တတ်ရတယ်” တင်းကျိက တည်ကြည်အေးဆေးစွာပင် ပြောလိုက်သည်။
__________


တင်းကျိက လင်ဝူယွီရှေ့၌ ဝင်ထိုင်လိုက်သည်။

ဤကြာဆံကြော်ဆိုင်က တော်တော်လေးနာမည်ကြီးသည်။ လင်ဝူယွီ ပြောကတည်းက ဤနေရာမှန်း ချက်ချင်းသိလိုက်၏။

ယခုက နေ့လယ်စာစားချိန်ဖြစ်သည်။ ရက်အနည်းငယ်ကြာ ညလုံးပေါက် စာလုပ်နေခဲ့သော လူတစ်ယောက်အတွက် အချိန်မှန် စားသောက်ရန် အရေးကြီးသည်။

သူသည် ဘေးနားရှိ ဘူးလေးထဲမှ တူတစ်စုံကို ကောက်ကိုင်လိုက်ပြီး ခေါင်းငုံ့ကာ တစ်လုတ်စားလိုက်သည်။

“ငါလာမှန်း သိနေတာလား။ ငါသာမလာရင် မင်း ဒါက အလဟဿဖြစ်သွားမှာ”

“အလဟဿမဖြစ်ဘူး”

လင်ဝူယွီက ဆိုသည်။

“ဟင်?”

တင်းကျိက သူ့ကို မော့ကြည့်လိုက်သည်။

“မင်းကို မလိမ်မညာတမ်းပြောရရင်”

လင်ဝူယွီက လည်ချောင်းရှင်းလိုက်၏။

“ဒီနှစ်ပွဲလုံးက ငါ့အတွက်”

တင်းကျိမှာ ဆွံ့အ။

“ဘာ…”

“ပြီးတော့ အဲပန်းကန်”

လင်ဝူယွီက သူစားနေသော ကြာဆံကြော်ပန်းကန်ကို လက်ညှိုးထိုးပြသည်။

“ဆောရီး… ငါ နှစ်လုတ်စားထားပြီးသား”

“မဟုတ်သေးပါဘူး”

တင်းကျိက ရုတ်တရက် ကျောမတ်လိုက်ပြီး တူကို စားပွဲခုံပေါ် ပစ်ချလိုက်သည်။

“မင်း ငါ့အပေါ် မကျေနပ်တာရှိရင်လဲ ပြော”

“မင်း ဒီပန်းကန်စားလိုက်”

လင်ဝူယွီက များများစားစားထပ်မ‌ဆိုဘဲ အခြားပန်းကန်တစ်ချပ်ကို သူ့ရှေ့ တွန်းပို့၍ ယခင်ပန်းကန်ကို ယူသွားသည်။

“မင်း နှစ်ပန်းကန်စားမှာဆို?”

တင်းကျိသည် အနည်းငယ် အားနာမိသွားခဲ့ပြီး သူ့ရှေ့မှ ကြာဆံကြော်ကို တစ်ချက်ကြည့်လိုက်သည်။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now