“ဘာဖြစ်လို့လဲ”

လင်ဝူယွီက အနည်းငယ်စူးစူးစမ်းစမ်းနှင့်။

“အသိသာကြီးပဲကို”

တင်းကျိက စိတ်မရှည်စွာ စုတ်သပ်သည်။

“မင်း ရန်မဖြစ်ဖူးဘူးလား။ လူနည်းရင် ပစ်မှတ်က ပိုကြီးတယ်။ လူများရင် ပိုအန္တရာယ်ကင်းတယ်။ ပိုတောင်များသေးတယ်ဆိုရင် ငါ ဘေးမှာ ဖုန်းလေးသုံးနေလို့တောင် ရသေးတယ်”

လင်ဝူယွီက ရယ်လေတော့၏။

အိတ်ကပ်ထဲမှ တင်းကျိ၏ ဖုန်းက မြည်လာခဲ့သည်။

ဘွားဘွားကျောက်လိရုန်၏ အသံကို ကြားလိုက်ရချိန်၌ လင်ဝူယွီမှာ အနည်းငယ်အံ့ဩမိသွားခဲ့သည်။

ခါနွေဦးမှာ ပန်းများပွင့် ဆယ့်လေး၊ ငါး၊ ခြောက် ပွင့်

“ငါတော့ သွားပြီ”

တင်းကျိက ဖုန်းကို ထုတ်ကာ တစ်ချက်ကြည့်ကြည့်လိုက်သည်။

“ငါ့အမေ”

“ဘာဖြစ်လို့လဲ”

လင်ဝူယွီက မေးလိုက်သည်။

“ငါ သူ့ကို ညစာပြန်မစားတာ ပြောဖို့ မေ့သွားတယ်”

တင်းကျိက ပြောလိုက်သည်။

“အာ”

လင်ဝူယွီက အနည်းငယ်အပြစ်မကင်းခံစားလိုက်ရသည်။

“ဒါမှမဟုတ် ငါ ဖုန်းကိုင်ပြီး ရှင်းပြလိုက်ရမလား”

“ဘာကို သွားရှင်းပြမှာလဲ”

တင်းကျိက ဖုန်းကို အသံပိတ်လိုက်ပြီး အိတ်ကပ်ထဲ ပြန်ထည့်လိုက်၏။

“ထားလိုက်”

“ပြန်ရအောင်”

လင်ဝူယွီက ပြောလိုက်သည်။

“ငါလဲ အဆောင်ပြန်ရတော့မယ်။ အဝတ်အိတ်မသိမ်းရသေးဘူး”

“ဒါဆို ငါ မင်းကို ကျောင်းကို ပြန်ပို့ပေးမယ်”

တင်းကျိက ပြောလိုက်သည်။

လင်ဝူယွီသည် ယခင်က တစ်ခါမှ ဆိုင်ကယ်မမောင်းခဲ့ဖူးသကဲ့သို့ နောက်ခုံ၌လည်း ထိုင်မစီးခဲ့ဖူးပေ။

ရှောင်းကျန်း || မြန်မာဘာသာပြန် ||Where stories live. Discover now