Part-23

33 5 4
                                    

မင်းထင် အခန်းတံခါးကိုအသာဖွင့်ကာ အိမ်အောက်ထပ်ကို ဆင်းလာလိုက်သည်။ ထက်ရှိုင်းကိုဖုန်းခေါ်ထားပြီးပြီဖြစ်တာကြောင့် နောက်မိနစ်အနည်းငယ်အတွင်းမှာပဲ လာကြိုမည့်ကားက ရောက်လာတော့မှာပင်။ မင်းထင် ခန့်မှန်းထားသည့်အတိုင်း ဒီတစ်ခေါက်Rutက ငါးရက်နီးပါးကြာကာ ဒီမနက်ကမှ ပြန်လည်ငြိမ်သက်သွားတာဖြစ်သည်။

အခန်းတစ်ခုလုံးလည်း မုန်တိုင်းဝင်တိုက်ထားသလို ရှုပ်ပွနေကာ Pheomorneအနံ့တွေကလည်းရှိနေတုန်းပင်။ အနံ့ပျောက်စေတဲ့sprayတွေ အတော်ဖြန်းခဲ့ပြီးမှ ပြတင်းပေါက်တံခါးတွေကိုဖွင့်ကာ ထွက်လာခဲ့ခြင်းဖြစ်သည်။မင်းထင်ရဲ့Pheomorneအနံ့တွေကို ဘယ်သူ့ကိုမှပေးမရစေချင်ပေ။ နောက်ပိုင်း ဒီကိစ္စနဲ့ပတ်သက်လျင် စကားတောင်အစမခံချင်သည်အထိပင်။

မနက်ကမှ Rutကာလပြီးဆုံးသွားတာမို့ မင်းထင် အားနည်းနေသလိုခံစားရနေသေးသည်။ ခဏလောက် အောက်ထပ်ကဆိုဖာမှာ ထိုင်စောင့်နေအပြီးမှာတော့ ခြံတံခါးရှေ့ကို အကြိုကားရောက်လာပြီဖြစ်သည်။ မောင်းသူကိုကြည့်လိုက်တော့ ရင်းနှီးနေကျဂိုဏ်းသားတစ်ယောက်ရဲ့မျက်နှာပင်။ ဘာမှမပြောတော့ဘဲ ကားနောက်ခန်းတံခါးကိုဆွဲဖွင့်ကာ အထဲဝင်ထိုင်လိုက်သည်။

မင်းထင် ကားတံခါးပိတ်ပြီးတာနဲ့ ကားမောင်းတဲ့ကောင်လေးက ချက်ချင်းစက်နှိုးကာ ပြန်ရမဲ့နေရာကိုဦးတည်သည်။ အပြင်ဘက်ကရှုခင်းတွေကိုကြည့်ရင်း ကားအတွင်းထဲမှာလည်း တိတ်ဆိတ်နေတာကြောင့် အခြေအနေအချို့ကို မေးမြန်းကာ တိတ်ဆိတ်မှုကို စတင်ဖြိုခွဲလိုက်သည်။

" ဂိုဏ်းထဲမှာ ဘာတွေထူးသေးလဲ။ "

ကားမောင်းနေတဲ့ ဂိုဏ်းသားလေးက အရှေ့ကိုအာရုံစိုက်မောင်းရင်း မင်းထင်ဘက်ကို ခေါင်းအနည်းငယ်စောင်းကာပြန်ဖြေသည်။

" အဆင်ပြေပြေပါပဲ အစ်ကိုကြီး "

" အင်း.. "

" တိုက်ခိုက်ရေးနည်းပြ ကိုဗလကြီးကတော့ လက်အရိုးကျိုးသွားတယ်ဗျ "

" ဘာဖြစ်လို့ ကျိုးတာလဲ "

ဗလကြီး ဟူသည်ကား နာမည်အရင်းတော့မဟုတ်ပေ။ ဂိုဏ်းမှာလူတွေများတာကြောင့် နာမည်အရှည်ကြီးတွေတော့ မမှတ်နိုင်တော့ချေ။ ထို့ကြောင့် သိသာတဲ့ရုပ်သွင်အနေအထားဖြင့်သာ ခေါ်လေ့ရှိကြသည်။

Bloody Rose & Red WineWhere stories live. Discover now