"ကိုကိုထမင်းစားခဲ့ပြီးပြီလား~"
"မစားခဲ့သေးဘူး ကလေးကနေမကောင်းဖြစ်နေတာကို
ကိုကိုက ဘယ်လိုလုပ်စားဝင်နိုင်မှာလဲ~"
"မနေ့ကတော့မလာဘဲနဲ့~"
"အဲ့တာက ကိုကိုစိတ်မငြိမ်သေးလို့ပါ~"
ဂျောင်ကုကထယ်ယောင်းမျက်နှာဖုံးတပ်ထားတာကိုမသိဘဲ
ထယ်ယောင်းကသူ့ကိုချစ်ရက်နဲ့ တစ်ခါတစ်လေ
စိတ်မထိန်းနိုင်ပေါက်ကွဲတတ်တာလို့တွေးထင်နေသေးတာ~
"ကလေးပျင်းလာပြီကိုကို အိပ်ယာမှမနေချင်တော့ဘူး~"
"အဲ့တာဆို ခြံထဲသွားမလား~"
"သွားမယ် လေကောင်းလေသန့်လေးလဲရှူချင်တယ်~"
"ကောင်းပြီ...ပြွတ်စ်~"
နူးညံ့ဖူးတွတ်နေတဲ့ဂျောင်ကုရဲ့နှုတ်ခမ်းလေးကို
ထယ်ယောင်းကညှင်သာစွာစုပ်နမ်းပြီး
ပွေ့ချီကာခြံထဲခေါ်ဆင်းသွားတော့မန်နေဂျာတွေလဲ
အနားယူထိုင်တဲ့နေရာတွေကို သေချာသန့်ရှင်းပေး
စားစရာတွေပေးရတယ်။
"ဂျောင်ကုကလေစိမ်းအရမ်းခံလို့မရသေးဘူးနော်ceo~"
"ကောင်းပြီ ခနနေပြီးရင်အထဲဝင်ရအောင်နော်ကလေး~"
"ဟုတ်ကဲ့ကိုကို~"
"လိမ္မာတယ်...မွ~"
"ဟီးဟီး~"
ထယ်ယောင်းကသူ့ကို နဖူးလေးနမ်းလိုက်
လက်ကလေးနမ်းလိုက်နဲ့ ကြင်ကြင်နာနာဆက်ဆံတော့
ဂျောင်ကုသဘောကျကာ ပြုံးရွှင်လို့~
"ဆေးသောက်ချိန်ရောက်ပြီဂျောင်ကု
အစာနည်းနည်းစားရအောင်~"
"မစားချင်ဘူး~~"
"အဲ့လိုမလုပ်ရဘူးလေကလေးရဲ့
ဆေးသောက်ဖို့ဆိုရင်အစာစားရမှာပေါ့~"
"ဟုတ် စားမယ်ကိုကို~"
သူအခါခါပြောတာတောင်မရတဲ့ဂျောင်ကုက
ထယ်ယောင်းတစ်ခါပြောတာနဲ့ချက်ချင်းလက်ခံတာမို့
ဂျောင်ကုတော်တော်အချစ်ကြီးပါလားလို့တွေးမိသည်အထိ~
"အထဲသွားစားမလား ဒီမှာဘဲစားမလားကလေး~"
"ဒီမှာဘဲစားမှာ~"
YOU ARE READING
~~Mask~~{Complete}