စက်တင်ဘာလ၏ မနက်ခင်းတွေဟာခါတိုင်းလို အုံ့မှိုင်းဆဲပါပင်။ခပ်စိမ့်စိမ့်လေများကြောင့် ဗီဒိုထဲမှ အညိုရောင် ခပ်ပါးပါး ဂျင်းလက်ရှည်ကို မူပိုင်ထုတ်လိုက်သည်။ထို့နောက် နဂိုဝတ်ထားသည့် မရမ်းစေ့ရောင် တီရှပ်ကို ဘောင်းဘီထဲသို့ထည့်ကာ အပေါ်မှ ထိုဂျင်းလက်ရှည်ကိုထပ်လိုက်သည်။
ယောကျ်ားဆန်သည့် စတိုင်လ်ဆိုတာ ဒါကိုပြောတာဖြစ်ပါလိမ့်မည်။
အားလုံးပြီးစီးသွားသည့်အခါ မှန်ရှေ့တွင် ရပ်လိုက်ပြီး
တစ်ဒုတ်ဒုတ်ခုန်နေသည့် နှလုံးသားရှိရာ ဘယ်ဘက်သို့ လက်ဝါးဖြင့် အုပ်ရင်း....''အရမ်းကြီး စိတ်မလှုပ်ရှားနဲ့....''
မှန်ထဲသို့ကြည့်ရင်း မူပိုင် ကိုယ့်ကိုယ်ကို ပြန်သတိပေးလိုက်မိသည်။
''မူပိုင်...အဆင်သင့်ဖြစ်ပြီလား..သွားရအောင်လေ...''
အိမ်ရှေ့မှ လှမ်းခေါ်ခန့်ညားကြောင့် မူပိုင်စားပွဲပေါ်တွင် တင်ထားသည့် ဆိုင်ကယ်သော့ကိုယူကာ ထွက်လာခဲ့သည်။
''လာပြီ...''
''အေး သူတို့အိမ်ရှေ့မှာ ခနစောင့်နေလိုက်နော်...ငါသွားဝင်ခေါ်လိုက်မယ်...''
''အင်း''
နှစ်ယောက်သားသုတ်''သုတ်''ဖြင့်ထွက်လာကာ မူပိုင်ကခြံရှေ့မှာ ရပ်နေခဲ့ပြီး ခန့်ညားကတော့ အိမ်ထဲသို့ဝင်သွားလေသည်။
ခနအကြာတွင် ခန့်ညားက အရင်ဆုံးထွက်လာသည်။
ထို့နောက် ခန့်ညားနောက်မှ ကောင်လေးနှစ်ယောက်လိုက်ထွက်လာပြီး ချစ်သောမှာတော့ထွက်မလာသေးပေ။
တဖြေးဖြေးနှင့်လျှောက်လာရင်း မူပိုင့်အနား ရောက်ချိန်တွင်သုံးယောက်လုံးကလည်း ချစ်သောအားရပ်စောင့်နေကြသည်။ခနလောက်ကြာခါမှ....
ခပ်သုတ်သုတ်နှင့်ထွက်လာသည့်ကောင်လေး....
အဖြူရောင် cardigan လေးကို ဂျင်းဘောင်းဘီလေးဖြင့်တွဲဝတ်ထားပြီး အဖြူရောင် sneakerလေးဖြင့် ပြီးပြည့်စုံလွန်းနေသည်။လည်ပင်းတွင် အနက်ရောင် camera လေးကို ကြိုးဖြင့်ဆွဲထားပြီး ကျောဘက်တွင်လည်း ခပ်သေးသေး ပလိုင်းလေးကိုလွယ်ထားသည်။
အမှတ်တမှတ်ကြည့်လိုက်လျှင် တိုင်းရင်းသားလေးလို့ပင် ထင်ရသည်။
YOU ARE READING
ဦးတည်ရာ
Romanceချစ်သောနွေ ************** ''အတိတ်မှာဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ကျွန်တော်ကတော့ အခုလက်ရှိကျွန်တော့်ရှေ့မှာရှိနေတဲ့ ခင်ဗျားကိုပဲယုံကြည်တယ် မူပိုင်...''