တရွေ့ရွေ့နှင့်မောင်းလာခဲ့သော အနက်ရောင်ကားလေးဟာကလောမြို့ကလေးဆီသို့ တဖြည်းဖြည်းနီးကပ်လို့လာနေသည်။ရန်ကုန်မှ ထွက်ခါစတွင် မြို့ပြရှိ တိုက်တာများကိုသာတွေ့ရသော်လည်း ရှမ်းပြည်နယ်အတွင်းသို့ ဝင်လာကတည်းက စိမ်းလန်းသောတောင်တန်းများနှင့် သာယာလှပသော ရှုခင်းအချို့ကိုသာတွေ့ရသည်။ ကလောမြို့သို့နီးကပ်လာသည်နှင့်အမျှ လှပသည့်ရှုခင်းများမှာ ပို၍ပင်အသက်ဝင်လာသည်ဟု ချစ်သော ခံစားမိသည်။
''ငါ တစ်လှည့်မောင်းပေးရအုံးမလား ချစ်သော....''
ရှုခင်းများကိုကြည့်နေရာမှ ချစ်သောဘက်သို့လှည့်ကာ လေပြေဆွေးကမေးသည်။
''ရပါတယ်....ရှေ့နားဆိုရင်ပဲ ရောက်နေပြီ...''
''အင်းလေ...ဒါဆိုလည်း မင်းပဲမောင်းလိုက်တော့....''
မိနစ်အနည်းငယ် မောင်းပြီးချိန်မှာတော့ ''ကလောမြို့'' ဆိုသည့် ဆိုင်းဘုတ်ကလေးက ချစ်သောတို့အား နွေးထွေးစွာကြိုဆိုနေသည်။
ချစ်သောတို့သည် မနက်၅ နာရီ လောက်ကမှ ရန်ကုန်ကစ ထွက်လာသောကြာင့် ကလောမြို့သို့ရောက်ချိန်တွင်တော့ နေ့လယ် ၃နာရီနီးပါးလောက် ရှိနေပြီဖြစ်သည်။ပုံမှန်ဆို ခပ်စောစောရောက်နိုင်ပါသော်လည်း လမ်းတွင်နှစ်ခေါက်လောက်နားကာ နေ့လယ်စာ ဝင်စားချိန်တွင်လည်းအနည်းငယ် ကြာသွားသည့်အတွက် ပုံမှန်ထပ်အနည်းငယ် နောက်ကျမှသာရောက်လာခဲ့သည်။
''ငါတို့တည်းမဲ့အိမ်က ဝေးသေးလား...''
လေပြေဆွေး၏မေးခွန်းကြောင့် ကားဘောက်စ် ထဲမှ ဖုန်းကိုထုတ်ကာ မေမေပေးလိုက်သော လိပ်စာကိုချစ်သောကြည့်မိသည်။
''အင်း...လိပ်စာအရ ဆိုရင်တော့ နောက်ထပ် ၁၅မိနစ်လောက်ပဲ မောင်းရမယ်ထင်တယ်....''
''အော်...သိပ်တော့မဝေးဘူးပဲ...''''အင်း...''
ချစ်သော၏ ပြန်ဖြေသံနောက်တွင်တော့ လေထုဟာ တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။
မိနစ်အနည်းကြာမောင်းပြီးအချိန်မှာတော့ ဒေါ်မြဦးပေးလိုက်သော လိပ်စာရှိရာအိမ်လေးဆီသို့ရောက်လာခဲ့သည်။
YOU ARE READING
ဦးတည်ရာ
Romance''ကိုယ်ဘယ်ကလာခဲ့လဲဆိုတာထက် ကိုယ်ဘယ်ကိုသွားမလဲဆိုတဲ့ ကိုယ့်ရဲ့ ဦးတည်ရာကသာပိုပြီးအရေးကြီးတာပါ''