" ယွန်းဂီတော်တော့။ငါတို့အရင်ဆုံးဆေးရုံသွား
ရမယ်။မျိုးစေ့လေးက ကြာရင်တစ်ခုခုဖြစ်လိမ့်
မယ်။လာခဲ့...ငါတို့နောက်ကျလို့မရဘူး။ "

ဟိုဆော့က Ambulanceခေါ်ထားလိုက်တာမို့
ရောက်သည်နှင့် ထယ်ယောင်းကကူးလေးကိုပွေ့ပြီးကားပေါ်တက်သွားကြသည်။ဟိုဆော့ကတော့
မျိုးစေ့လေးကိုလာခေါ်တာမို့ ဒေါသတကြီးဖြစ်
နေသည့် ယွန်းဂီကိုတွေ့ပြီးတားနေရတာ။

ဟိုဆော့နဲ့နမ်ဂျွန်က ယွန်းဂီကိုတားပြီးမျိုးစေ့လေးကိုပွေ့ချီစေကာ ကားပေါ်အမြန်တက်ခိုင်းရင်းဖြင့်
အမြန်သွားစေသည်။ယွန်းဂီတို့ကားပေါ်ကိုတက်
သွားကြတော့ ဟိုဆော့ကဂျွန်ဆော့ကိုတင်ဖို့ကူ
ညီပေးရင်း လှည်းပေါ်ကမမေ့သေးဘဲမျက်လုံးဖွင့်
စရှိနေသည့် လီယမ့်ကိုကြည့်ရင်းသက်ပြင်းချပြီး
ထွက်သွားသည်။

လီယမ်ကတော့ မမေ့လဲသေးဘူး။သူကြားပါ၏။
ကံတရားက သူကြံစဥ်သလိုတွေမဖြစ်လာတဲ့အပြင်
ယွန်းဂီကပါ သူ့ကိုပါကန်လာသည်မို့နာကျင်မှုကို
ပိုအံတုနေရမိသည်။နာသည်လေ။

ကားထဲ ဂျွန်ဆော့ကိုလည်းထည့်ရင်းလီယမ့်ကို
ဘေးကားတစ်စီးမှာတင်ရင်းဖြင့် ထွက်လာကြ၏။
ဆေးရုံကိုရောက်တော့ ထယ်ယောင်းကသူ့ကူးကို
ပွေ့ချီသွားကာ လှည်းပေါ်တင်ပေးလိုက်ပြီးယွန်းဂီဆို သူ့တူမျိုးစေ့လေးကိုတင်ပေးလိုက်ရင်း
အနောက်မှပြေးလိုက်သည်။

ကူးကလန့်ပြီးမေ့လဲသွားတာမို့ နေရာသက်သက်ခွဲ
ထုတ်သွားရကာ မျိုးစေ့လေးကအနည်းနဲ့အများ
ထိခိုက်မိတာလေးတွေရှိတာမို့ ဂျွန်ဆော့လိုပင်
ခွဲစိတ်ခန်းထဲဝင်သွားရသည်။

နောက်မှာပါလာတာက လီယမ့်လှည်းဖြစ်တာမို့
ထယ်ယောင်းကတားလိုက်တာကြောင့် သူနာပြုကောင်လေးက ကြောင်တောင်တောင်လေးဖြစ်
သွားပေမဲ့ ကြောက်ရင်းမှတားရသည်။

" ဖယ်ပေးပါဦးခင်ဗျ။လူနာက သွေးထွက်လွန်ရင်
အသက်ဆုံးရှုံးနိုင်တာမို့ အမြန်ဝင်ရမှာပါ။ "

" သေပါစေ။အဲ့ကောင်ကိုတော့ ကြီးလွန်းတဲ့အပြစ်
ပေးရမှာ။ဒီကောင်က ဒါနဲ့ပဲထိုက်တန်တာ။ "

Between The Hate [ Completed ]Where stories live. Discover now