အိမ်ငှားအဒေါ်ကြီးကအပြောအဆိုကြမ်းဘေမဲ့
သူငှားနေလာတဲ့တစ်လျှောက်သူ့အပေါ်ကောင်းခဲ့တာမို့
အဒေါ်ကြီးဘာပြောပြောဂျောင်ကုစိတ်မဆိုး~
"မဆာသေးပါဘူး ခနနေပြန်မှစားသွားမယ်လေ~"
"ဟိုကောင်မလေးရော မင်းနဲ့တွေ့ဖြစ်လား
ငါဆီလာကိုမလာတော့ဘူးအဲ့ကောင်မ~"
"သူက ကားရိုက်ရှိတယ်အဒေါ်ရဲ့ အဲ့တာကြောင့်မလာတာနေမှာ~"
အိမ်ငှားအဒေါ်ကြီးပြောတဲ့ကောင်မလေးက
သူ့ကိုကူညီပေးတဲ့အရံမင်းသမီးဖြစ်ပြီး
ဂျောင်ကုထက် နှစ်နှစ်ငယ်တယ်~~ပြီးတော့
အိမ်ငှားအဒေါ်ကြီးဆီ သုံးနှစ်လောက်အိမ်ငှားနေခဲ့သူ~
"သူကအရံမင်းသမီးလေ ကားရိုက်ရှိလဲနာရီပိုင်းပေါ့~"
"မဟုတ်ဘူးအဒေါ်ရဲ့ အခုသူကခေါင်းဆောင်မင်းသမီးနေရာကနေရိုက်ရပြီ~"
"ကောင်မ အဲ့တာကြောင့်ဘဝင်မြင့်သွားတာကို~"
"မဟုတ်ပါဘူး သူမအားလို့ပါ~ကျွန်တော်တို့ရဲ့ဘွဲ့ဓာတ်ပုံတွေရှိသေးလား~"
"ရှိစရာလားပစ်လိုက်ပြီ..ဟေ့...ဟေ့ ရပ်စမ်း~"
ဂျောင်ကုကအိမ်ရှင်အဒေါ်ကြီးတားနေတဲ့ကြားက
အိမ်ရှင်အိမ်ထဲအတင်းဝင်သွားကြည့်တော့
သူဘွဲ့ယူတုန်းကပုံနဲ့ ဟိုကောင်မလေးဘွဲ့ယူတဲ့ပုံကအိမ်ရှေ့ခန်းနံရံမှာ~
"ထင်တဲ့အတိုင်းရှိနေတာဘဲ~"
"ပစ်ဖို့မေ့နေတာ အထင်ကြီးမနေနဲ့~"
"ဟုတ်ပါပြီ သဘောပါ~"
သူ့တုန်းက အိမ်ရှင်အဒေါ်ကြီးကအမေနေရာကနေ
လိုက်ပေးလို့အဒေါ်ကြီးနဲ့တွဲရိုက်ထားတဲ့ပုံဖြစ်သလို ကောင်မလေးရဲ့ဘွဲ့ပုံမှာလဲအမေနေရာကလိုက်ပေးတဲ့အဒေါ်ကြီးနဲ့အစ်ကိုနေရာကလိုက်ပေးတဲ့ဂျောင်ကု~
"အဲ့တုန်းက အရမ်းပျော်နေခဲ့တာ~"
"ပုံကိုကြည့်တာနဲ့သိတယ်~"
"ဟိဟိ~"
"ချွေးတောင်ပြန်နေပြီ အင်္ကျီလည်ပိတ်ကြီးက~~~~~~"
အဒေါ်ကြီးက ဘာရယ်မဟုတ်ဂျောင်ကုရဲ့အင်္ကျီလည်ပိတ်ကို
ခေါက်ပေးလိုက်ရာ လည်ပင်းပေါ်ကအနီကွက်တွေ
ကိုက်ရာတွေတွေ့လို့ချက်ချင်းရပ်တန့်သွားရော~
DU LIEST GERADE
~~Mask~~{Complete}