"ဟ ဘာလဲ ငါသရဲခြောက်ခံနေရတာ သေနေတာလား ငါ့ကိစ္စလဲမဟုတ်ပါဘူး  ..." သူကားတံခါးကိုဖွင့်ပြီးတက်ခါနီး..

" အင်..ဟင့်"နာကျင်မူနဲ့ညည်းသံသဲသဲလေးကိုသူကြားလိုက်ရတော့

သူသောက်လက်စစီးကရက်ကိုပစ်ချလိုက်ပြီး...

" ဒီမှာမိန်းကလေး ဟေ့မိန်းကလေးအသက်ကောရှိသေးလားဟ" သူမရဲ့ကိုယ်သေးသေးလေးကိုသူပွေ့ချီလိုက်ရင်း

"အာ..စောက်လုပ်ကရှုပ်အုံးမယ် ငါနဲ့မှမဆိုင်တာ" သူမရဲ့မျက်နှာလေးကိုသူကြည့်လိုက်တော့ သနားစိတ်နဲ့အတူမြင်မြင်ချင်းစိတ်ဝင်စားမိသည်..

"လူ့အသက်တစ်ချောင်းကယ်ကောင်းပါတယ်" သူပြောရင်းသွေးတွေပေကျံနေတဲ့သူမကိုကားပေါ်တင်ပြီးဆေးရုံသို့ကားကိုဦးတည်မောင်းလိုက်သည်...

သူမကိုဆေးရုံသို့အရေးပေါ်အခြေနေဖြင့်ပို့ပြီးသည်နှင့်ဇိုင်း သူမပိုင်ဆိုင်သည့်ပစ္စည်းများကိုကြည့်တော့...

ကလေးအင်ကှိလက်ရှည်တစ်ထည်ရယ် ကြွေ" ဆိုပြီးထိုးထားသည့် လက်ကိုင်ပုဝါတစ်ခုရယ်သာ...လက်ကိုင်ဖုန်းလဲရှာမတွေ့သလိုဘာတစ်ခုမှမသိရ သူမကဘယ်သူလဲ ဘယ်ကလဲဆိုတာပါမသိရ..

" ကျစ်..ငါတော့ခေါင်းနှောက်စရာရှာပြန်ပြီ.."

"လူနာရှင်ကအရေးပေါ်ခွဲစိတ်ဖို့လိုအပ်နေပါတယ် အသက်အန္တာရယ်ရှိပါတယ် အဲ့ဒါကြောင့်ဒီစာရွက်လေးပေါ်လက်မှတ်ထိုးပေးပါ.."

"အာ..ဟုတ် ဟုတ်ကဲ့.. " သူခေါင်းကိုခါယမ်းလိုက်ပြီးလက်မှတ်ကိုလျင်မြန်စွာကောက်ထိုးပေးလိုက်သည်..

သူမခွဲခန်းဝင်တုန်းသူခြေလှမ်းတစ်လှမ်းမှမရွေ့ပဲစောင့်နေမိသည်..

" လူနာအခြေနေကငြိမ်ပါပြီ ဒါပေမယ့် ခေါင်းကိုပြင်းထန်စွာထိခိုက်ထားတဲ့အတွက် ခုချက်ချင်းသတိမရပဲကိုမာဖြစ်ဖို့များတယ်..."

"ဗျာ..ကိုမာ"

သူအဆုံးထိထိုမိန်းကလေးကိုကုပေးဖို့ဆုံးဖြတ်လိုက်သည် ဒါဟာဒီမိန်းကလေးပေါ်သူကာကွယ်ပေးချင်တဲ့စိတ်မြင်မြင်ချင်းချစ်မိတဲ့စိတ်...

You've reached the end of published parts.

⏰ Last updated: Apr 09 ⏰

Add this story to your Library to get notified about new parts!

မယားငယ်ငယ်{မကြင်နာလိုသူမိဖုရား}Where stories live. Discover now