Episode-1

224 10 0
                                    

မယားငယ်ငယ်မယားငယ်ငယ်{မကြင်နာလိုသူမိဖုရား}

အခန်း~(၁)

"ဦးမင်းယဇ်ခမ်းနား ရှင် ဘယ်လိုလူကြီးလဲ ဂုဏ်နဲ့သားသားကိုဘာလို့ဒီလိုပစ်ထားပြီး တခြားမိန်းမတစ်ယောက်ရဲ့လက်ထပ်ရက်တာလဲ..."

"ဟာ..ဟင်.."

"ဟယ်..."အားလုံးဆီက အံ့သြသံတွေနှင့်အတူ Mediaများကပုံရိုက်သတင်းယူနေကြသည်...

"ဟင်...ယဇ် သူကဘယ်သူလဲဟင်...အဆင်း နားကြားမှားတာလား"

"ကိုယ်လဲမသိဘူး အဆင်း မိန်းကလေး မင်းဘယ်သူလဲ ငါမင်းကိုမသိသလို အဲ့ကလေးကိုလဲမသိဘူး.."

"အဟက်...ဦးမင်းယဇ်ခမ်းနား ရှင်လူကြီးဆန်စမ်းပါ ဒီမဂ်လာပွဲကို ဂုဏ် လုံးဝသဘောမတူဘူး ပြီးတော့ဟိုအစ်မကြီး ရှင် သူ့ကိုလက်ထပ်ရင်လဲ မယားငယ်ပဲဖြစ်လာမှာ အဲ့တော့ကြိုနောက်ဆုတ်လိုက်ပါ"

"တောက်စ်...ဘယ်ကကလေးမလဲ.."

"သမီးအဆင်းစိတ်လျော့"ဘေးကမိခင်ဖြစ်သူကသမီးဒေါသကိုသိနေသူမို့ဝင်တားလိုက်ရသည်...

ဂုဏ်ပြတ်သားသည့်ခြေလှမ်းများနဲ့အတူသားသားကိုပွေ့ချီလိုက်ပြီး...

"ဦးမင်းယဇ်ခမ်းနား ဒီမဂ်လာပွဲရပ်ပါ ဂုဏ် ကရှင့်ရဲ့တစ်ဦးတည်းသောမိန်းမ ပြီးတော့သားအေဒင်ခမ်းနား ရှင့်ရဲ့သွေးသားရင်း..."

"မိန်းကလေး မင်းတစ်ခုခုအထင်မှားနေပြီထင်တယ် ငါမင်းကိုလုံးဝမသိဘူး..."

"ဟောဒီမှာDNAရလဒ်...ဂုဏ့်မှာပြောစရာကုန်ပြီ သြော် အားလုံးပဲဒီမဂ်လာပွဲပျက်ပါပြီရှင် ပြန်ကြလို့ရပါပြီ..."

အဆင်း ဒေါသကြောင့်မျက်နှာလေးကနီရဲနေသည် လက်ထဲကပန်းစည်းကိုပစ်ချလိုက်ပြီး...

"ယဇ်...နင့်ကိစ္စသေချာရှင်းပြီးမှငါ့ကိုဆက်သွယ်"

„မဟုတ်ဘူး အဆင်း ကိုယ်ပြောတာနားထောင်ပါအုံး"

"ဦးမင်းယဇ်ခမ်းနား ဘယ်မှသွားဖို့မတွေးနဲ့..."

"တောက်..."

ယဇ်ဒေါသတွေကြောင့်ထိုကလေးမကိုကိုင်ပေါက်ချင်ပေမယ့်လူအများရှေ့မို့ဒေါသကိုထိန်းချုပ်လိုက်ပြီး...

မယားငယ်ငယ်{မကြင်နာလိုသူမိဖုရား}Where stories live. Discover now