ကြယ်တွေဟာ အတိတ်တုန်းကနှင့် တစ်ထပ်တည်း တူညီပါသော်ငြား မတူညီနိုင်တော့သည့် နှလုံးသားများသည် ဒဏ်ရာဒဏ်ချက်အပြည့်။
ခြူးနာရာသည် မတ်ခွက်ကို ကိုင်ထားသည့် အန်တီမော်လီ၏ လက်အား ညင်သာစွာဖြင့် ဖွဖွလေး ထွေးဆုပ်ထားပေးမိသည်။
" အဲဒီ မတော်တဆမှုမှာ သူ့ကို နှုတ်ဆက်ခွင့် မကြုံလိုက်ဘူးလေ။ လောကကြီးထဲကနေ သူ ထွက်သွားမှန်းတောင် မသိလိုက်ဘဲ အဲဒီတုန်းက ကိုယ်တိုင်လည်း သေလုမျောပါး ဖြစ်နေခဲ့တာမို့။ သူက သူ ဆိုတဲ့ အကောင်အထည် မရှိတော့ပေမဲ့ နောက်ဆုံးအချိန်လေးမှာ ဒါက သူ ဆိုတဲ့ ခံစားမှုတစ်ခုက သေချာနေခဲ့တာ။ ပြီးတော့ အဲဒီနောက်ဆုံးအချိန်ထိ ကိုယ့်အပေါ်မှာ ထားတဲ့ သူ့အချစ်တွေ မပျောက်သွားသေးမှန်း သိနေခဲ့တယ်။ ဒါနဲ့တင် လုံလောက်သွားတာ။ နှုတ်ဆက်ခွင့် ရှိရုံနဲ့တင် လုံလောက်သွားခဲ့တာ "
မိုးပေါ်တွင် နှင်းနှင့် ကြယ် မဟုတ်သည့် အခြား တစ်စုံတစ်ခုအား ရှာမတွေ့ခဲ့သောကြောင့် အန်တီမော်လီ၏ စိမ်းဖန့်ဖန့် မျက်လုံးများက ခြူးနာရာထံ ပြန်၍ သက်ရောက်လာသည်။ ခြူးနာရာသည် ယခုထိလည်း အန်တီမော်လီ၏ လက်ကလေးအား ထွေးဆုပ်ထားမိဆဲပင်။ ကမ္ဘာဟာ နာကျင်မှုတွေ ပိုပိုသာသာ ထုတ်လွှတ်လာသလောက် အချင်းချင်း စစ်မှန်စွာ ထွေးပွေ့ရင်းဖြင့် ယင်း နာကျင်မှုကို အတူတကွ တောင့်ခံမှသာ အတန်ငယ် ခံသာမည် မဟုတ်ပါလား။
" လောကမှာ ကိုယ် မမြင်နိုင်တဲ့၊ ကိုယ့်ဉာဏ်နဲ့ လိုက်မမှီတဲ့ အံ့ဩဖို့ ကောင်းတဲ့ အရာတွေ အများကြီး ရှိတယ်လို့ ထင်တယ်။ မျက်စိနဲ့ တပ်အပ် မြင်နေရတဲ့ အရာတွေထဲမှာတောင် မစစ်မှန်တာတွေ များလွန်းတာမို့။ အဲဒီ ကိစ္စ အပြီး သိလိုက်ရတာကတော့ မျက်စိနဲ့ မမြင်ရတိုင်းလည်း အဲဒါက တကယ် မရှိတာ မဟုတ်သလို၊ နားနဲ့ မကြားရတိုင်းလည်း အဲဒါက တိတ်ဆိတ်နေတာ မဟုတ်ဘူး ဆိုတာကိုပါပဲ။ မမျှော်လင့်ထားဘဲ သက်သေပြခံခဲ့ရတယ်လေ။ ကံကောင်းစွာနဲ့ပဲ။ အဆုံးသတ်ကတောင် တကယ့် အဆုံးသတ် မဟုတ်ခဲ့ဘူး ဆိုတာကိုပေါ့ "
အတွေးများဟာ ဟိုးအဝေးကြီးထိ ရှုပ်ထွေးစွာ နယ်ချဲ့ရင်း ငြိမ်သက်သွားသည့် ခြူးနာရာသည် မျက်တောင်တွေကိုသာ မရပ်မနား တဖျတ်ဖျတ် ခတ်နေမိ၏။
KAMU SEDANG MEMBACA
THE AZURE IN YOU | 그 시절, 내가 사랑했던 소년 (Completed)
Romansa❝Nam Woo Hyun က ကောင်းကင်ကြီး ဖြစ်ပြီး Nam Woo Hyun က ပင်လယ်ကြီး ဆိုရင်လည်း ဟုတ်တာမို့ အဲဒါကြောင့် Nam Woo Hyun က အပြာရောင်လေး❞
{ 𝓉𝒽𝑒 𝓁𝒶𝓈𝓉 𝒸𝒽𝒶𝓅𝓉𝑒𝓇 }
Mulai dari awal
