မင်္ဂလာပါ။ shoonwh ပါ။
နောက်ဆုံးတော့ ဒီလိုမျိုး long story တစ်ပုဒ်နဲ့ သေသေချာချာ ပြန်လာဖြစ်ပါပြီ။ ချစ်ရတဲ့ ရပ်ဝန်းလေးထဲ တစ်ခါပြန်ရောက်လာရတိုင်း အမြဲတမ်းလည်း အများကြီး ဝမ်းသာရပါတယ်။
လက်ရည် ကျမသွားအောင် မနှစ်က short story လေးတွေ တစ်ပုဒ်၊ နှစ်ပုဒ် အမြည်း ရေးရင်းနဲ့ ဒီ long story ကို အသက်သွင်းဖို့အတွက် အားခဲထားခဲ့တာလည်း တော်တော်လေးတော့ ကြာပြီ ပြောရမှာပေါ့။ မျက်နှာပူပူနဲ့ ဝန်ခံချင်တာကတော့ ဒီတစ်ခုက တတိယမြောက် version ဖြစ်နေတယ် ဆိုတဲ့ အကြောင်းပါ။
ဇာတ်လမ်းတွေ ရေးရင် တစ်ခါမှ ဒီလောက်ထိ စိတ်တိုင်းမကျ ဖြစ်တာမျိုး မရှိဖူးပေမဲ့ ဒီတစ်ခေါက်ကတော့ အပြီးနားထိ ရေးပြီးမှ ရေးနေကျ vibe ထဲကနေ တအား လွတ်ထွက်နေတယ် ခံစားရလို့ ရှေ့ version နှစ်ခုလုံးကို နှစ်ခါပြန် မစဉ်းစားဘဲ အစအဆုံး ဖျက်ပစ်ခဲ့ပါတယ်။ ဆိုတော့ အခု တင်ပေးမဲ့ version က နောက်ဆုံးထိ ပယ်ချ မခံခဲ့ရတဲ့ အဆုံးသတ် winner လေးပေါ့။
ဇာတ်လမ်းအမျိုးအစားက angst ပါ။ angst ထဲမှာမှ romance ကိုလည်း နည်းနည်းလေး ရောမွှေထားပါတယ်။ ဇာတ်ကောင်တွေ များမယ်၊ ဇာတ်ကြောင်းက လေးမယ်၊ ရေးရင်းနဲ့ ခေါင်းကိုက်ခဲ့ရသလို အများကြီးလည်း ပြုံးဖြစ်ခဲ့ရတဲ့ ဇာတ်လမ်းပါပဲ။ ဇာတ်လမ်း description မှာ ထည့်ထားတဲ့ "အပြာရောင်" dialogue လေးက စာတွေ စရေးဖြစ်တဲ့ ဟိုးနှစ်တွေကတည်းက ဇာတ်လမ်းတစ်ပုဒ်ထဲမှာ တစ်ခါလောက် သုံးဖူးချင်ခဲ့တဲ့ dialogue လေး။ အခုတော့ ဒီ ဇာတ်လမ်းနဲ့အတူ အဲဒီ dialogue လေးလည်း ပွဲဦးထွက်နိုင်ခဲ့ပြီမို့ အတိုင်းမသိ ပျော်နေပါတယ်။
အမှန်တော့ ဒီဇာတ်လမ်းက ကိုယ့်အတွက် challenge တစ်ခုလို ဖြစ်ခဲ့တဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းတစ်ပုဒ်လုံး ရေးတဲ့ အချိန်ကလည်း စုစုပေါင်း ကိုးလ ကြာခဲ့တာမို့ တော်တော်လေး အချိန်ယူခဲ့ရတယ် ပြောရမှာပါ။ လက်ရှိခေတ်မှာ အခြေစိုက်လာရတာ နည်းနည်း များပြီမို့ အသစ်အဆန်း ဖြစ်အောင် တော်တော် ဝေးတဲ့ ခေတ်ဟောင်းတစ်ခုဆီ နောက်ပြန်ဆုတ်ထားပါတယ်။ ၁၀ နှစ်၊ နှစ် ၂၀ မဟုတ်ဘဲ နှစ် ၅၀ အထိ ဝေးတဲ့ ၁၉၇၃ ခုနှစ်အထိ သွားကြည့်မှာမို့ စမ်းတဝါးဝါးနဲ့ အတူ လိုက်ခဲ့ပေးပါဦးနော်။
ခေတ်ဟောင်း vibe လေး ရချင်လို့ ဇာတ်လမ်းနာမည်ကိုတောင် "그 시절, 내가 사랑했던 소년" ဆိုတာလေး ရွေးထားပါတယ်။ မြန်မာလို အဓိပ္ပာယ် ကောက်ရရင်တော့ "အဲဒီကာလတုန်းက ငါ ချစ်ခဲ့တဲ့ ကောင်လေး" ပါတဲ့။
━ ✣ ━ ✣ ━
𝟶𝟷.𝟶𝟹.𝟸𝟶𝟸𝟺
𝚜𝚑𝚘𝚘𝚗𝚠𝚑
VOCÊ ESTÁ LENDO
THE AZURE IN YOU | 그 시절, 내가 사랑했던 소년 (Completed)
Romance❝Nam Woo Hyun က ကောင်းကင်ကြီး ဖြစ်ပြီး Nam Woo Hyun က ပင်လယ်ကြီး ဆိုရင်လည်း ဟုတ်တာမို့ အဲဒါကြောင့် Nam Woo Hyun က အပြာရောင်လေး❞
