Part.7

1.1K 29 0
                                    

Unicode

အရိပ် သားလေးရဲ့လက်အားဆေးလိမ်းပေးရင်းမှ

''သား နောက်တစ်ခါကျရင်အဲလိုကားကြီးတွေရှေ့ဖြတ်မပြေးရဘူးနော် ကြားလားသား''

''ဟုတ်မေမေ''

''အရမ်းနာနေလားသား''

''နာဘူး မေမေ သားသားလိုပဲဦးဦးလက်မှာလည်းမှဲ့ကြီးပါတယ်သိလား သားနဲ့ဦးဦးတူတူပဲ''

''ဟုတ်လား သားနဲ့ဦးဦးကရေစက်ပါလို့ဖြစ်မယ်''

ထိုစဥ်ဒေါ်လေးကအခန်းထဲဝင်လာပြီးမှ

''စရောက်တဲ့နေ့မှာပဲအနာတရဖြစ်ရတယ်လို့''

''အရမ်းကြီးမထိခိုက်သွားပါဘူးဒေါ်လေးရဲ့''

''ဒါနဲ့စကားမစပ် အကြီးကောင်လေးကလည်းသူ့ဟာနဲ့သူတစ်မျိုးချောတာပဲနော်''

''ဒေါ်လေးကတော့လေ တွေ့သမျှလူတိုင်းကိုချောတယ်ပြောနေတော့တာပဲ''

''ဒေါ်လေးပြောတာမဟုတ်လို့လား ဟိုတစ်ခါအိမ်လိုက်ပို့တဲ့ကောင်လေးဘယ်သူ''

''ထက်ကောင်းလား''

''အင်း သူရောစေရာဆိုတဲ့ကောင်လေးရောကုဋေဆိုတဲ့ကောင်လေးရောဘယ်ဘဝကကုသိုလ်ကံကြောင့်ဒီလောက်ချောနေကြတာလဲမသိဘူး ဒါပေမယ့်ကုဋေကပိုပြီးချောတယ်''

''သူကဒေါ်လေးကိုဘာတွေကျွေးထားလို့အဲလောက်ချီးကျူးနေတာလဲ ကဲပါ အဲဒါတွေပြောနေဖို့အချိန်မရှိသေးဘူး အရိပ်ညနေစာသွားချက်လိုက်ဦးမယ်''

''ဒေါ်လေးကြည့်ပြီးပြီ အိမ်မှာဟင်းချက်စရာဘာမှမရှိဘူး''

''ဟမ် အဲဒါဆိုဘယ်လိုလုပ်မှာလဲ ဈေးသွားရမှာလား''

ထိုအခိုက်...

''ဒေါက် ဒေါက်''

''ကုဋေ့အစ်ကိုထင်တယ် အရိပ်သွားကြည့်လိုက်ဦးမယ်''

သူမတံခါးသွားဖွင့်ကြည့်တော့ထင်တဲ့အတိုင်းပင်။
ကုဋေ့အစ်ကိုကပိုက်ဆံတစ်ချို့ကိုင်ကာအခန်းရှေ့မှာရပ်နေပြီး

''ဟို ခုနကအဒေါ်ကဟင်းချက်မလို့ထင်တယ် အဲဒါဟင်းချက်စရာမရှိရင်သွားဝယ်ရအောင်လို့ ဒီမှာပိုက်ဆံ''

ချစ်တယ်ဆိုတာထက်ပို(completed)Where stories live. Discover now