"မင်းဆုတဆုထပ်ကံထူးပြန်ပြီ...."

“မဖြစ်နိုင်တာ” ယွီချင့်ဟွမ်တွေးတောင်မနေဘဲ ခွန်းတုံ့ပြန်ငြင်းဆိုလိုက်သည်။ ဟော်ချွီအတွက် ဖရုံသီးဆန်ပြုတ်တစ်ဇွန်းခပ်ထည့်ပေးလိုက်ပြီး သူကမော့တောင်မကြည့်ဘဲဆိုလေ၏။

“ကျွန်တော် ဘယ်ကံစမ်းမဲမှာမှ တစ်ခါမှဝင်မပါထားတာ၊ ဘယ်လိုလုပ်ကံထူးရမှာလဲ”

ခေတ္တတန့်သွားပြီးနောက် သူကနောက်နောက်ပြောင်ပြောင်ဖြင့် ဆိုလာသည်။

“မိုးပေါ်ကကျလာတဲ့ အသားပိုင်မုန့်ကြီး အမြဲတော့ရှိမနေနိုင်ဘူးမဟုတ်လား”

“ရှိတယ်” ယွီရှင်းမှာ စိတ်ခံစားချက်အပြည့်ဖြင့် သက်ပြင်းချမိပြီး သူ့ဖုန်းကို ချင့်ဟွမ်ဆီပေးလိုက်သည်။ 

“ကံထူးရှင်မစ်စတာယွီ, မင်းအခုဘယ်လိုခံစားနေရလဲဆိုတာ ငါ့ကိုပြောပြပါဦး”

ဘာများလဲ? ယွီချင့်ဟွမ် တူကိုအောက်ချထားလိုက်ပြီး ဖုန်းကိုမယုံသင်္ကာဖြင့်လှမ်းယူလိုက်ကာ ဖန်သားပြင်ကို အကြိမ်အနည်းငယ်ပွတ်ဆွဲကြည့်လိုက်သည်။ ထို့နောက်မှာ သူ့မျက်နှာအမူအရာ ချက်ချင်းကို ပျက်ယွင်းလာ၏။

“မဖြစ်နိုင်တာ ” သူဖုန်းကို သွေးရူးသွေးတန်းထုတ်ယူလိုက်ပြီး Weibo ကိုနှိပ်လိုက်သည်။  

“မနေ့က ကျွန်တော် Weibo တောင်မဝင်ခဲ့တာ၊ မှားနှိပ်မိတာမဖြစ်နိုင်ဘူး၊ အကောင့် hack ခံရတာများလား? ”

"ဘယ်ဟက်ကာက ကံစမ်းမဲလေးတခုအတွက်နဲ့ အလုပ်အများကြီးရှုပ်ခံမတဲ့လဲ” 

ယွီရှင်းက သူ့ဘေးနားဝင်ထိုင်ပြီး မုန့်တစ်ခုကိုဆွဲယူကောက်ဝါးလိုက်၏။

“ရှယ်တဲ့ခလုတ်ကို မင်းမတော်တဆနှိပ်လိုက်မိပြီး ဆုရသွားတာနေမယ်”

“ဒါပေမယ့် ကျွန်တော် ... ” ယွီချင့်ဟွမ်ပြန်လည်ချေပချင်ပေမယ့် ကျောက်ချင်းယွမ်နှင့်သူ ဖုန်းလုတဲ့မြင်ကွင်းကို ရုတ်တရက်တွေးမိကာ အရာအားလုံးကို ချက်ချင်းပဲ သဘောပေါက်သွားတော့သည်။

ကျောက်ချင်းယွမ်ဆီမှ သူတိမ်းရှောင်နေစဉ် မတော်တဆ ဖန်သားပြင်ကိုနှိပ်လိုက်မိခြင်းကြောင့် ယခုအမှားအယွင်းဖြစ်ပေါ်စေခဲ့တာ ဖြစ်ရမည်။ သူလက်ချောင်းများ ဖန်သားပြင်ပေါ်မှာရွေ့လျားသွားပြီး Weibo ပို့စ့်ကိုဖျက်ရန် ကြိုးစားလိုက်သော်လည်း နောက်ဆုံးအခိုက်အတန့်မှာ ရပ်တန့်သွား၏။

ရည်းစား​လေးထားချင်မိတဲ့ကျွန်​တော် (ဘာသာပြန်)Onde histórias criam vida. Descubra agora