"အဲ့တာတော့မသိဘူး ceoပြောတာတော့ထိခိုက်မှုမရှိအောင်လို့တဲ့~"
မန်နေဂျာဦးလေးရဲ့စကားကြောင့်
ဂျောင်ကုမှာ ထယ်ယောင်းသူ့အပေါ်
ကရုစိုက်သေးတာဘဲလို့တွေးရင်းပျော်နေသေးတာ~
"နေ့လယ်စာဘာစားမလဲမင်းသား ဘာမှာပေးရမလဲ~"
"ဂျောင်ကုလို့ဘဲခေါ်ပါဦးလေးရဲ့~"
သန့်ရှင်းရေးလုပ်ပေးပြီး ဆေးတွေပါလိမ်းပေးတဲ့မန်နေဂျာက
မင်းသားတစ်ယောက်ရဲ့မန်နေဂျာဆိုတာထက်တောင်ပိုနေတာမို့ဂျောင်ကုမနေတတ်~
"ကောင်းပါပြီ နေ့လယ်စာဘာမှာပေးရမလဲဂျောင်ကု~"
"မဆာသေးပါဘူး ဆာမှပြောမယ်လေ
ရတယ်မဟုတ်လား~"
"ရပါတယ်~အော..အောက်ထပ်မှာ ဂျောင်ကုရဲ့
တိုက်ခန်းကပစ္စည်းအကုန်ရောက်ထားပြီ~"
"ဟင်?...ဘယ်တုန်းကသွားယူလိုက်တာလဲ~"
"ခနကတည်းကပါ ပစ္စည်းတွေစုံရဲ့လားစစ်ကြည့်လိုက်ဦးလေ~"
"ဟုတ်ကဲ့ စစ်ကြည့်ချင်ပါတယ်~"
ဂျောင်ကုက သူ့ဆီမှာအဖိုးတန်တဲ့ပစ္စည်းဆိုလို့
သူ့မိဘတွေရဲ့လက်စွပ်နှစ်ကွင်းတည်းရှိတာမို့
အဲ့တာကိုစစ်ဆေးကာ ပါလာနဲ့တစ်ပြိုင်နက် အိမ်အသစ်မှာသေချာသိမ်းထားလေရဲ့~
"အိမ်ကြီးကကြည့်လေ သာယာလေဘဲ မိုက်လိုက်တာ~"
"ဒီအိမ်ကဆောက်ထားတာမကြာသေးဘူး
ceo koreaပြန်လာခါနီးမှ အပန်းဖြေဖို့
အိမ်တစ်လုံးလိုချင်တယ်ဆိုလို့ အမြန်ဆောက်ထားတာ~"
"အဲ့လိုကိုး~"
အိမ်အတွင်းထဲလျှောက်ကြည့်နေတဲ့ဂျောင်ကုက
သူ့ရဲ့အလှပြင်ခန်းလို့ပြောတဲ့အခန်းထဲဝင်ရာ
အလှအပပစ္စည်းအစုံအပြင် သူ့အရပ်လောက်ရှိတဲ့စင်နဲ့
ရေမွှေးပုလင်းတွေအပြည့်~
"ဒီနှစ်ဗူးကceoအတွက်မို့မသုံးပါနဲ့
ကျန်တာကိုစိတ်ကြိုက်သုံးပါ~"
"ဟုတ်ကဲ့ ဒါကကိုကိုဆွတ်နေကျရေမွှေးထင်တယ်
အဲ့တာကစျေးအရမ်းကြီးတာ~"
"ဒီမှာရှိတဲ့ရေမွှေးအားလုံးကစျေးကြီးတာချည်းဘဲ
ပြီးတော့ceoစိတ်ကြိုက်ရွေးထားတာတွေ~"
YOU ARE READING
~~Mask~~{Complete}
💜7💜🔞🔞
Start from the beginning