တစ်စတစ်စသဲလာသည့် မိုးကြောင့် ဟယ်ယွင်ရှန်း ဝါးခမောက်ဆောင်း၍ အိမ်အပြင်ထွက်လာခဲ့သည်။ ဟယ်ယန့်မတော်တဆမူကြောင့် ကောင်လေးကို ၎င်း၏ ကျောင်းမှ ယာယီခွင့်ရက်ပေးခဲ့သည်။ ငါးရက်မြောက်နေ့၌ နွေဦးဝက်သစ်ချအိမ်အရက်ဆိုင်တွင် စာတူးဖော်ရန် မှာကြားခဲ့သော်လည်း ယခုအခါဆယ်ရက်မြောက်နေ့သို့ ပင်ရောက်ရှိနေခဲ့ပြီ။ လွန်ခဲ့သော ရက်ပိုင်းအတွင်း မိမိ၏ လှုပ်ရှားမှုကို မျက်ခြေမပြတ်စောင့်ကြည့်နေသည့် ဖန်းမိသားစုလက်ပါးစေများကို သတိထားနေခဲ့ရသည်။ ဟယ်ယန် မှ ဟယ်မိသားစုအဖို့ ယခုကဲ့သို့ အခွင့်ရေးမျိုးရရှိရန် ခက်ရာခဲဆစ်ကြိုးပမ်းခဲ့ရပြီး မိမိအနေဖြင့် ဤအခွင့်အရေးကို အလာဟသာမဖြစ်စေလိုပေ။

ထိုရက်ပိုင်းအတွင်း တအိမ်သားလုံးအမျိုးမျိုးသော စစ်ဆေးစုံစမ်းမှုများနှင့် ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပြီး ယခုအခါ ဖန်းမိသားစုလက်ပါးအခိုင်းအစေမှန်သမျှ ဆုတ်ခွာလက်လျော့သွားခဲ့သဖြင့် ယခုကဲ့သို့ စိတ်အေးလက်အေး အိမ်မှ ထွက်ခွာလာနိုင်ခဲ့ခြင်း ဖြစ်သည်။ လူအများအာရုံဖမ်းစားခြင်း မရှိစေရန် သာမန်အဝတ်အဟောင်းများကိုသာ ဝတ်ဆင်၍ ဝါးခမောက်ဆောင်းကာ အိမ်အနောက်တံခါးမှ ထွက်ခွာလာခဲ့ပြီး မိုးပြေးအောက်လမ်းလျှောက်ထွက်လာသည်။

32 02

ဤဆယ်ရက်အတွင်း ဟယ်ယွင်ရှန်း ညစဉ်ညတိုင်းအိပ်ကောင်းခြင်း မရှိဘဲ နှိပ်စက်မူအပေါင်းကို သည်းခံထားရသည်။ ဟယ်ယန့်သတင်းကြားလိုလျက် ကြားလာရမည့်သတင်းကိုလည်း ကြောက်လွန်းမကကြောက်လွန်းနေမိသည်။ ကံကောင်းထောက်မစွာဖြင့် ဆယ်ရက်တင်းတင်းပြည့်သည့် တိုင် ဟယ်ယန့်အားရုံးတော်မှ ဖမ်းဆီးနိုင်ခဲ့ခြင်း မရှိသဖြင့် ဟယ်ယန် အန္တရာယ်ကင်းကောင်းကင်းနေဦးမည်။သို့သော်လည်း ဟယ်ယန် ယခုမည်သည့် နေရာ၌ ရောက်ရှိနေမည်ကို သိလိုမိသည်။ ဟယ်မိသားမှ တပါးအခြားမိတ်ဆွေသူငယ်ချင်းမရှိသဖြင့် ထိုမိန်းမပျိုမြို့အတွင်း လှည့်လည်‌နေထိုင်‌နေရမည်။စားသောက်စရာအလုံအလောက်နှင့် သက်သော င့်သက်သာအိပ်စက်နားခိုစရာနေရာရှိသလော၊ နိုင်ထက်စီးနင်းအပြုခံနေရသလောဟူသည် ကိုလည်း စိုးရိမ်မိသည်။ ထိုသို့ တွေးမိလျှင်ပဲ ဟယ်ယွင်ရှန်း ၏ ခြေလှမ်းများမသိမသာအရှိန်မြန်လာသည်။

ပြန်လည်မွေးဖွားလာသော ကြယ်စင်စစ်သူကြီးWhere stories live. Discover now