"အဟွန်း ! မင်းက အလှကြိုက်သားပဲကွ !"

"နှလုံးသားက အဲ့အလှအပတွေကိုကျော်ပြီး သိပ်ဇီဇာကြောင်တဲ့အဖိုးကြီးကို ချစ်မိနေတော့လည်း ခက်သား ~"

မျက်နှာလေးညှိုးကျသွားကာ ခပ်မှိန်မှိန်လေသံနဲ့ ပြောလာတော့ မင်က အလျင်မြန်ပဲ အကဲခက်မိသည်။ဒီကလေးက ကင်မ့်ကို ချစ်နေတာဖြစ်မည်။မင့်အထင် ကင်မ်က ငြင်းလိုက်ပုံပဲ။အစောကလည်းအော်ကြတော့ နားစွန်းနားဖျားကြားလိုက်မိသေးသည်။

နှစ်ယောက်သားကတော့ တစ်မျိုးစီတွေးပြီး ဟုတ်နေတာပဲ။မင်က ဆက်မေးရင်မကောင်းတာမို့ စကားအသွားအလာကို ပြောင်းဖို့ပြင်ရသည်။

"ဒါဖြင့် အစောက စကားပြန်ဆက်ပါဦးကွ ~"

"အော် ဒီလိုဗျာ ~ တစ်ခုလောက် မှားလုပ်မိတာနဲ့ ပုံကြီးကို သိပ်ချဲ့တာလေ ~ ပြီးတော့ ဘာပြောတယ်မှတ်လဲ ?"

"ဘာပြောသလဲ ?"

"ဟေ့ ပေါက်စ မင်း အတော်ဆိုးနေပါ့လား ' တဲ့ ! အဘိုးကြီးကျနေရောပဲ !"

မင် မရယ်ဘဲမနေနိုင်တော့။ကင်မ်က အရင်ကထိုသို့မဟုတ်ပါလေ။ဖာသိဖာသာနေတတ်လွန်းသူက ဒီလိုမျိုး ပြောတတ်သည်ပေါ့။တကယ်ပဲ ကင်မ်က ဒီကလေးနဲ့မှ ပြောင်းလဲလာခဲ့သည်။မင် မြင်သလောက်မဟုတ်ဘဲ ကွယ်ရာမှာဆို ကင်မ်ဟာ ဒီကလေးကို ဘယ်လောက်တောင် ဂရုစိုက်နေမလဲ။

"အဟက် ! ခု ဂျောင်ကု အတင်းပြောနေတာ ကောင်းကင်ဘုံရဲ့ ရေနတ်ဘုရားနော် ~"

"မကြောက်ပါဘူး ~ ကျွန်တော့်မှာ ဖေဖေရှိတယ် ~ ဖေဖေ့နားကပ်နေမှာပေါ့ ~ ပြီးတော့ ဒီက နတ်သားကလည်း ကာကွယ်ပေးထားပေါ့ ~"

"တတ်နိုင်လိုက်တာကွာ ~ "

ဒီကလေးက လူကောင်လေးထွားပေမယ့် မျက်နှာနုနုလေးကြောင့် အတော်လေးချစ်ဖို့ကောင်းတာ မင် လက်ခံရတော့မည်။ထပ်ပြီး စကားတတ်တာကိုရောပေါ့။အရင်က မင်နဲ့ ကင်မ် တစ်ခါတစ်ရံဆင်းကြည့်တိုင်း တွေ့ရတဲ့ ဂျစ်ကန်ကန်လေးမဟုတ်တော့ဘဲ တကယ့်အစစ်မှန်ကို ဖော်ပြလာပုံရသည်။ဒီကောင်းကင်ဘုံမှာ သက်တမ်းအငယ်ဆုံးဖြစ်နေတော့ ပိုဆိုးသည်။

The KIMWhere stories live. Discover now