"မသောက်တော့ဘူး ကိုကို့ဆီလာပါဉီး~"
"ကလေးရေမချိုးရသေးဘူးကိုကိုရဲ့~"
လက်ဆန့်တန်းကာခေါ်လိုက်တဲ့သူ့ကို
ငြင်းလာတဲ့ဂျောင်ကုကြောင့်ထယ်ယောင်းစိတ်တိုဘေမဲ့
မျက်နှာမှာတော့စိတ်မကောင်းသလိုမျက်နှာငယ်လေးလုပ်လိုက်တယ်။
"ကိုကို့ကိုရှောင်နေတာ မင်အွန်းစကားတွေကြောင့်လားကလေး သူပြောတာကိုယုံပြီး ကိုကို့ကိုကြောက်နေတာလား~"
"မဟုတ်တာ ကလေးကသူ့ရဲ့သေဆုံးမှုကိုစိတ်စွဲပြီး
ကြောက်လန့်နေရုံပါ~"
လိမ်နေပုံမပေါ်တဲ့ဂျောင်ကုကြောင့်
ထယ်ယောင်းဝမ်းသာသွားကာဂျောင်ကုကို
ရင်ခွင်ထဲထည့်ဖက်လိုက်လေရဲ့~
"အဲ့တာများအစကတည်းက ကိုကို့ကိုပြောပေါ့
ကိုကိုက ကလေးကိုအဖော်ပြုပေးမှာပေါ့~"
"ကိုကိုလဲစိတ်ပင်ပန်းနေမှာမို့လို့လေ ကလေးအတွက်နဲ့ပိုပြီးမပင်ပန်းစေချင်လို့~"
"အဲ့တာတော့ဟုတ်တယ် မင်အွန်းက
ကိုယ့်ကြောင့်နဲ့သေသွားသလိုဖြစ်လို့လေ~"
"အဲ့တာကိုကို့အပြစ်မဟုတ်ပါဘူး~"
"ဘာကြောင့်ဒီလောက်ထိဖြစ်သွားလဲ တကယ်စဉ်းစားမရဘူး~"
"ကိုကိုသဘောကောင်းတာကိုသူကအထင်မှားသွားတာပါ~"
"အဲ့တာဆို သဘောကောင်းတာကိုလျှော့ရတော့မယ်
မဟုတ်ရင် တစ်ယောက်ပြီးတစ်ယောက်အထင်မှားလာကြလိမ့်မယ်~"
ထယ်ယောင်းပြောမှ ဂျောင်ကုလဲသေချာစဉ်းစားမိတော့တယ်
ရည်းစားစကားတောင်မပြောထားတဲ့ထယ်ယောင်းကို
သူကရောအထင်မှားနေတာလားပေါ့~
*ကိုကို့ရဲ့ငါ့အပေါ်အသုံးအနှုန်းတွေကနူးညံ့တယ်
အပြုအမူတွေကလဲသာမာန်ထက်ပိုတယ်~*
"ဘာတွေစဉ်းစားနေတာလဲကလေးရဲ့~"
"အာ...ဘာမှမစဉ်းစားပါဘူး ဗိုက်နည်းနည်းဆာလို့
ဘာစားရင်ကောင်းမလဲတွေးနေတာ~"
"ကိုယ်မှာပေးမယ် ဘာစားမလဲပြော~"
"ဘာဖြစ်ဖြစ်ရပါတယ် ဗိုက်ပြည့်ဖို့ကအဓိကဘဲ~"
YOU ARE READING
~~Mask~~{Complete}