"ဟူးး ပင်ပန်းလိုက်တာ တစ်ယောက်ကသေပြီဆိုတော့
အေးသွားတာပေါ့ နောက်တစ်ယောက်ကျန်သေးတယ်
နောက်ထပ်တွေလဲရှိလာဉီးမှာ~"

လူတစ်ယောက်လုံးသေသွားတာကိုအေးအေးဆေးဆေးဖြစ်နေတဲ့ထယ်ယောင်းက ရေချိုးထမင်းစားကာ
ဂျောင်ကုဆီဖုန်းဆက်တော့ဖုန်းမကိုင်~

"ငါ့ဖုန်းကိုများလျစ်လျူရှုရဲတယ်??"

စိတ်တိုတိုနဲ့နှစ်ခါသုံးခါခေါ်ဘေမဲ့
လုံးဝမကိုင်တာမို့ထယ်ယောင်းလဲဆက်မခေါ်တော့ဘဲ
clubသွားပျော်ပါးလေပြီ~

"ဂျောင်ကုကျောင်းမလာဘူးစီနီယာ~"

"ဟုတ်လား ဘာဖြစ်လို့လဲ~"

"အဲ့တာတော့မသိဘူးဗျ~"

ဂျောင်ကုကျောင်းမလာတာကိုအစကတော့
စိတ်မဝင်စားဘေမဲ့ ကြာလာတော့
စိတ်ဝင်စားရုံမက စိတ်တိုလာတဲ့ထယ်ယောင်း~

*ဒုန်း...ဒုန်း!*

"ကလေး တံခါးလာဖွင့်ဉီး အထဲမှာရှိတာကိုကိုသိတယ်နော်!"

*ကိုကိုရောက်လာတာလား~*

"ကလေး တံခါးလာဖွင့်ပါ~"

ကျောင်းလဲမလာ အလုပ်လဲမသွား သူ့ဖုန်းခေါ်လဲမကိုင်
စာပို့လဲမကြည့်တဲ့ဂျောင်ကုဆီရောက်လာတဲ့ထယ်ယောင်းက
စိတ်ပူလို့မဟုတ်ဘဲ ခံပြင်းလို့~

*ငါ့ကိုဘယ်သူမှဒီလိုမလုပ်ရဲဘူး မင်းကဘာမို့လို့လဲဂျောင်ကု~*

"ကိုကို ဘာလို့ရောက်လာတာလဲ~"

"ကလေးကိုစိတ်ပူလို့လေ ကလေး အဆင်ပြေရဲ့လား နေမကောင်းဘူးလားပိန်သွားလိုက်တာ~"

"ကောင်းပါတယ် အထဲဝင်လေကိုကို~"

ဂျောင်ကုနေတဲ့ရပ်ကွက်က ဆင်းရဲသားရပ်ကွက်မို့
ညစ်ပတ်တယ်ဆိုပြီးထယ်ယောင်းမလာချင်ခဲ့ဘေမဲ့
အခုလာတော့ ပတ်ဝန်းကျင်ကညစ်ပတ်ဘေမဲ့ ဂျောင်ကုအခန်းလေးကပြောင်ရှင်းလို့~

"ကလေးရယ် ကြည့်ပါဉီး ပိန်သွားလိုက်တာ~"

"အဲ့လောက်လဲမဟုတ်ပါဘူးကိုကိုရယ်
ဘာသောက်မလဲဟင် ကလေးဆီမှာသောက်စရာအများကြီးတော့မရှိဘေမဲ့ နည်းနည်းပါးပါးတော့ရှိပါတယ်~"

~~Mask~~{Complete}Where stories live. Discover now