***

ကုဟွိုက်နှင့်အိုင်းယီသည် တွင်းနက်ထဲသို့စုပ်ယူခံလိုက်ရပြီး နေရာလွတ်ထဲတွင် မျောချင်တိုင်းမျောနေခဲ့ကြသည်။ နေရာလွတ်မှာမမြင်နိုင်သည့်စည်းတစ်ခုနှင့်ကာရံထားသယောင်ရှိ၏။ အဆိုပါစည်းကိုသာမန်မျက်စိဖြင့်မမြင်နိုင်သည့်တိုင် ထိကိုင်၍ရနိုင်သည်။

ကုဟွိုက်သည်ကား အိပ်ရာထက်တွင်လှဲလျောင်းနေခဲ့သည့်တိုင် အိပ်မပျော်ခဲ့ပေ။ သူနိုးနေခဲ့သော်လည်း သူနှင့်အိုင်းယီမှာ တွင်းနက်ကစုပ်ယူထားခဲ့သည့်နေရာလွတ်ထဲတွင် ရှိနေကြဆဲပင်။

အနှီတွင်းနက်စွမ်းအင်မှာ ကုဟွိုက်နှင့်အိုင်းယီစိတ်ကူးထားသည်ထက်ပိုများနေခဲ့သည်။ စုပ်ယူထားမှုကိုတွန်းလှန်မရနိုင်ဘဲ တွင်းနက်ကြောင့်ဝန်းရံထားသည့်နေရာလွတ်မှာလည်း အပြင်းအထန်နှောင့်ယှက်ခံနေရ
၏။ ကုဟွိုက်က အိုင်းယီကိုခေါ်ထုတ်ရန် နေရာလွတ်ရွှေ့ပြောင်းခြင်းစွမ်းရည်ကိုအသုံးမပြုနိုင်ပေ။

"လူကနှစ်ယောက်ထဲပဲရှိတယ်..ငါ့အထင်တော့လူတွေပိုဝင်လာလောက်မယ်..."

ထူးဆန်းသောအသံက အနှီနေရာလွတ်ထဲတွင်ထွက်ပေါ်လာခဲ့သည်။ အသံအရင်းအမြစ်ထွက်မလာခင် အိုင်းယီက နေရာလွတ်အတွင်းပေါ်လာခဲ့သည့် တတိယမြောက်လူကိုတိုက်ခိုက်ရန် တုံ့ဆိုင်းနေခြင်းမပြခဲ့ပေ။ ရန်သူဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေကိစ္စမရှိ၊ အိုင်းယီက အရင်ဆုံး ထိုလူကိုချုပ်နှောင်ထားရန် သူ့စွမ်းရည်ကိုသုံးလိုက်သည်။

"ဂါဗင်?"

သူ့အရှေ့မှလူငယ်လေးသည်ကား သူရရှိထားသည့် အချက်အလက်များနှင့်လုံးဝဿုံကွာခြားလင့်ကစား ကုဟွိုက်က ဆုံးဖြတ်နိုင်ပါသေးသည်။

သူ၏အပြုအမူတိုင်းကိုထိန်းချုပ်ထားသည့်လူက ဝန်ခံလာ၏။

"ငါပဲ..."

အဖြူရောင်ကုတ်နှင့် အိုင်းယီ၏စွမ်းအားကြောင့် ချုပ်နှောင်ခံထားရသော လူငယ်သည် အပြင်ဘက်ကအတိုင်းချောမောပြီး နူးညံ့ပေသည်။သူဒေါသထွက်နေသည့်ပုံစံက စူးစမ်းလေ့လာသူတစ်ယောက်ထက်ကျောင်းသားတစ်ယောက်နှင့်ပိုတူနေသည်။ သူ၏အသွင်အပြင်တစ်ခု
တည်းကိုသာကြည့်ပါက တဖက်လူသည် လူမှုရေးခေါင်းပါးပြီး စိတ်ကြီးသည့်စရိုက်ရှိလိမ့်မည်ဟု မည်သူကမှတွေးကြမည်မဟုတ်ပါချေ။

ငါ လူသားမဟုတ်တော့ဘူးWhere stories live. Discover now