ထယ်ယောင်းကအပိုတွေပြောပြီးဂျောင်ကုကိုမေတ္တာတုတွေပေး ဂျောင်ကုကလဲအဲ့တာတွေကိုအစစ်အမှန်လို့ထင်ကာ
သာယာပျော်ရွှင်နေတော့တာပေါ့~

"ကိုကို ဂေဟာလိုက်ပို့ပေးမယ်ဆို~"

"ဟုတ်သားဘဲ ကိုကိုမေ့နေတာ အခုသွားကြမယ်လေ~"

"ကိုကိုမအားရင်လဲနားနော် ကလေးကိုယ့်ဖာသာသွားလိုက်မယ်~"

*အဲ့တာဆိုလဲ အစကတည်းကကိုယ့်ဟာကိုယ်သွားပါလား အလုပ်ရှုပ်လို့~*

"အားပါတယ် အခုသွားရအောင်လေ~"

အတွေးထဲကနဲ့အပြင်ပြောစကားမတူတဲ့ထယ်ယောင်းက
ဂျောင်ကုကိုဂေဟာလိုက်ပို့ရာ လမ်းမှာမုန့်တွေဝယ်သေးတာမို့ထယ်ယောင်းတကယ်စိတ်မရှည်~

"ကိုရီးဂျောင်ကုလာတယ်!"

"ဟားဟား..လာကြ လာကြ~"

*အပိုတွေလုပ်နေပြန်ပြီ~*

"ကိုကြီး ဘာလို့သားတို့ကိုအကြာကြီးပစ်ထားတာလဲ~"

"ပစ်ထားတာမဟုတ်ပါဘူး ကိုကြီးလဲမအားလို့ပါ~"

ဂေဟာက ကလေးတွေကဂျောင်ကုကိုတွေ့တာနဲ့ပျော်ရွှင်နေကြပြီးစကားတွေပြောကြလုပ်နေတော့ထယ်ယောင်းက
အကွယ်တစ်နေရာကိုသွားပြီး ဆေးလိတ်သောက်နေလေရဲ့~

*ငါ့ကိုဒီလိုမေ့ထားမယ်ဆိုလဲ ဘာလို့ခေါ်လာသေးလဲ~*

"ဦးဦး ဦးဦးက ကိုကြီးရဲ့သူငယ်ချင်းလား~"

"သွားစမ်းပါ တစ်ယောက်တည်းနေချင်တယ်~"

"ကိုကြီးကပြောတယ် ဦးဦးက သဘောကောင်းတယ်တဲ့~"

"ဟေး ငါ့ကိုလာမထိနဲ့ မထိနဲ့လို့!"

"အာ့!...အီးးးဟီးးး~"

သူ့ခြေထောက်ကိုလာကိုင်တဲ့ကလေးကိုကန်လိုက်တဲ့ထယ်ယောင်းကြောင့် ကလေးကမြေပေါ်လဲကျငိုသွားချိန်
ဂျောင်ကုကအပြေးလေးရောက်လာပြီ~

"ချန်ချန် ဘာလို့ငိုတာလဲ ကိုကြီးဆီလာ~"

"အဲ့လူလုပ်တာကိုကြီး...အီးးဟီးးး~"

"ဘာလုပ်တာလဲ ချန်ချန်လေးကိုဘာလုပ်ပေးတာလဲ~"

"ကိုကိုကစလိုက်တာ သူကလန့်ပြီးလဲသွားတာလေ~"

~~Mask~~{Complete}Tahanan ng mga kuwento. Tumuklas ngayon