Chapter 7

129 21 1
                                    

ဇာ့ဂ်ဖရေးသည် စစ်တပ်အင်အားဖြင့် နာမည်ကြီးသည်။ ဇာ့ဂ်တွေကလည်း သူတို့အားလုံးက စစ်သားတွေဆိုပြီး ခံယူထားကြသည်။ တခြားသူတွေလိုမျိုး သူတို့မှာ အိမ်မရှိကြပေ။ အိပ်ဆောင်လို နေရာမှာသာ နေကြ၍ အမီလီယာအတွက် လျှောက်ကြည့်ဖို့ရာက အဆောက်အဦးတစ်ခုသာ ရှိလေသည်။ ဒီအဆောက်အဦးက သူမ ဆေးရုံတက်နေရတဲ့ နေရာဖြစ်ပြီး စစ်တပ်ရဲ့ လှုပ်ရှားမှုအားလုံး လုပ်ဆောင်တဲ့နေရာလည်း ဖြစ်သည်။

မာ့ဇ်က သူမကို စစ်တပ်ရဲ့ ထရိန်နင်ဆင်းတဲ့နေရာ၊ သူတို့ရဲ့ ကန်တင်း၊ နားနေခန်းနဲ့ ဇာ့ဂ်တွေ နေထိုင်တဲ့နေရာ ပြီးတော့ တခြားနေရာတွေကိုပါ ပြထားပြီးဖြစ်သည်။ သို့ပေမဲ့ အဆောက်အဦးရဲ့ ထောင့်ဆုံးနဲ့ ထိပ်ဆုံးက ဇီယွန်ရဲ့ ပိုင်နက်လို့တော့ မာ့ဇ်က လုံးဝမပြောခဲ့ဘူး။ ဆိုတော့ သူမ အခု လဲလျောင်းနေတာက ဇီယွန့်အိပ်ရာပေါ်မှာပေါ့လေ!

သူ့ရဲ့ရှေ့မှာ အမီလီယာ့ကို မြင်လိုက်တဲ့အခါ ဇီယွန်ရဲ့ စူးရှနေတဲ့ ခရမ်းရောင်တွေက စူးရဲနေရာကနေ ပုံမှန်ပြန်ဖြစ်သွားတယ်။ သူမျက်မှောင်အနည်းငယ်ကြုပ်၍ မေးလိုက်၏။

"မင်း ဒီမှာဘာလုပ်နေတာလဲ?" ဇီယွန်ရဲ့အသံက သူ့ရဲ့ရှည်လျားတဲ့ အိပ်စက်မှုကြောင့် အနည်းငယ် ကြမ်းရှနေတယ်။

"ကျွန်မ.. ကျွန်မ... မာ့ဇ်က... ဒီအခန်းက..." အမီလီယာ အရမ်းကို တုန်လှုပ်နေ၍ စကားတွေတောင် ထစ်ကုန်၏။

စစချင်းထဲကနေ သူမဗိုက်ကို ကာကွယ်ထားပြီး တုန်လှုပ်နေတဲ့ အမီလီယာကို မြင်လိုက်ရ၍ သူ့ရဲ့ ချွန်ထက်တဲ့ အမြီးကို ချက်ချင်းပြန်သိမ်းလိုက်ပြီး သူမနဲ့ သိပ်မဝေးတဲ့နားမှာ သွားထိုင်လိုက်သည်။မာ့ဇ်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ဘာဖြစ်သွားတာလဲဆိုတာကို ဇီယွန်သိလိုက်သည်။

"အာ့ရှ်!" သူမဗိုက်ကို တယုတယ ပွတ်နေရင်းနဲ့ အမီလီယာ ရုတ်တရက် နာကျင်စွာ အော်လိုက်သည်။

"နာလို့လား?" အမီလီယာရဲ့မျက်နှာက ဖျော့တော့သွားပြီး သူမမျက်ခုံးတွေက အတော်လေး နာကျင်နေပုံဖြင့် တွန့်ချိုးနေတာကို ဇီယွန်မြင်လိုက်၏။

You've reached the end of published parts.

⏰ Last updated: Apr 10 ⏰

Add this story to your Library to get notified about new parts!

ငါ့ကလေးတွေရဲ့အဖေက ဂြိုလ်သားတဲ့(MM Translation)Where stories live. Discover now