အပိုင်း (4)

277 49 64
                                    

Unicode

မှောင်ရီဖြိုးဖျအချိန် တောလမ်းလေးတွင် ရစ်ခီရှန်မှာ အမောတကောပြေးကာ တစုံတရာကို လိုက်ရှာနေရသည်။

"ကင်ဂယူဘင်း..... ဟေ့ကောင် ဂယူဘင်း မင်းဘယ်မှာလဲ"

ဝင်္ကပါလိုဖြစ်နေသော တောလမ်းလေးထဲတွင် မြူကလည်းဆိုင်းနေသည်မို့ မြင်ကွင်းမှာမသဲကွဲ။ သို့သော် အော်သံလိုလို ကြားသဖြင့် မမြင်ရသည့်တိုင် အတင်းတိုးကာ ကြည့်မိတော့ မတ်တပ်ရပ်နေသောလူတယောက်က လဲကျနေသောလူကို သေနတ်နှင့် ချိန်ရွယ်ထားသည်ကို မြင်လိုက်ရသည်။
သေနတ်ကိုင်ထားသူမှာ ကျန်းဟောက်ဖြစ်ပြီး လဲကျနေသူမှာ ကင်ဂယူဘင်း

"ဟောက်ကော..... မလုပ်ပါနဲ့ .....သူ့ကို မသတ်ပါနဲ့ ငါတို့တခြားနည်းလမ်းရှာကြမယ်လေ"

ရစ်ခီမှာ ဒူးဖက်တောင်းပန်နေသည့်တိုင် ကျန်းဟောက်ကတော့ မျက်နှာထားတင်းတင်းပင်

"ဘာကို တခြားနည်းလမ်းလဲ ဘာနည်းလမ်းမှမရှိဘူး သူ့ကို သတ်လိုက်ရင် ပြီးနေပြီလေ .... မင်း ဖယ်စမ်း..."

ရစ်ခီကို တွန်းဖယ်ရင်း လဲကျနေသော ဂယူဘင်းကို ဒိုင်းခနဲ သေနတ်နှင့်ပစ်ပလိုက်တော့သည်။

"မလုပ်ပါနဲ့ ......."

ညသန်းခေါင်ကြီး အော်ဟစ်ရင်း ဇောချွေးတွေပျံကာ နိုးလာတည်းက ရစ်ခီမှာ ပြန်အိပ်၍မရ။ ကင်ဂယူဘင်းကို မသတ်နိုင်ရန် ကျန်းဟောက်ကို ဘယ်လိုတားရမလဲသာ ကြံဆနေရသည်မှာ မိုးလင်းသည်အထိ
မျက်တွင်းဟက်ပက်နှင့် စိတ်မပါလက်မပါ ကျောင်းလာတက်လိုက်ရသဖြင့် ကျောပိုးအိတ်ထဲ စာအုပ်ကလည်းမပါ

"ငါ့အချိန်မှာ ဖတ်စာအုပ်တောင် ပါမလာပဲ ဝေလေလေ လုပ်မယ့်ကောင်တွေအကုန် အတန်းပြင်ထွက် နော် ငါတွေ့လို့ ဆွဲထုတ်တဲ့အချိန်မှဆို နာမယ်"

အင်မတန်စည်းကမ်းကြီးပါသည်ဆိုသည့် ပထဝီဆရာအော်သံကြားမှသာ ရစ်ခီတယောက် ခေါင်းနပမ်းကြီးသွားတော့သည်။

(ဘယ်လိုလုပ်မလဲ ရစ်ခီရဲ့ ၂၁ရာစုသွားပြီး ဆရာဒဏ်ပေးတာပါ ခံရတော့မယ်)
ဟုတွေးကာ စိတ်ညစ်နေတုန်းမှာပင် သူ့စားပွဲပေါ် ဖတ်စာအုပ်တစ်အုပ် ပစ်တင်ကာ ထထွက်သွားသော ကင်ဂယူဘင်းကြောင့် ရစ်ခီမှာ ပါးစပ်အဟောင်းသား

22ရာစုက ကျနော့်ရည်းစားWhere stories live. Discover now